Part - 10 💗🫧

327 30 5
                                    

"Gem မနေ့က ဘာလို့ကျောင်းမလာတာလည်း ဘာလည်း ရည်းစားငယ်ငယ်လေးရပြီ ဆိုပြီး စာဘာမလုပ်နိုင်တော့လား"

Joongပြောတဲ့စကားကို Dunk ရော Loveရောလက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြသည်။

"အေး မင်းနော် မင်းသားလည်းဖြစ်နေပြီ ရည်းစားလည်းရနေပြီ စာလည်းသေချာပြန်လုပ် တော်ကြာမင်း motherကြီးက ပြောနေအူံးမယ် မင်းအမှတ်တွေလျော့နေတာသိပြီး"

Dunkလည်းဆုံးမနေရပြန်သည်။တကယ်တော့ Gem ကစာမေးပွဲရက်အတွင်း shooting ရှိလို့ စာလုပ်တာအားနည်းသွားတာပါ။ သူကစာတော်ပြီးသားပါ သေချာလုပ်ရင်ရနိုင်တယ်ဆိုတာသူသိသည်။

"အေးပါကွာ စာပြန်လုပ်မှာပါ ဆရာဝန်ဖြစ်အောင်သေချာကြိုးစားနေပါတယ် ဒါမှငါ့အချစ်ကလေးကို ဂရုစိုက်ခွင့်ရမှာ🤗"

"အော် အေးပါဟယ် ငါတို့ကသူစာလုပ်ဖို့ motiပေးစရာမှမလိုတာ သူ့အချစ်ကလေးတယောက်လုံးရှိနေတာ ‌နောက်ဆုံးတော့ လောကကြီးကမတရားဘူး ငါကြတော့အချစ်တွေမရှာပေးကြဘူး နာမည်ကသာ အချစ် ဘယ်မှာလည်းအချစ် အချစ်ရေ!!"

ဆိုပြီး အော်နေတာကြောင့် သူတို့ယောက်ျားလေးသူငယ်ချင်းသုံးယောက်ကမသိမသာထထွက်လာသည်။ ဒါပေမဲ့ လမ်းတဝက်ရောက်မှ Gemသတိထားမိတာက JoongDunkကလက်ကြီးတွဲပြီးလမ်းလျှောက်နေကြတာကို

"ဟေး တကယ်ကြီး တွဲနေတာ ငါတို့ခန့်မှန်းတာမမှားဘူး ကောင်မရေ အား!!"

ဟင်တကယ်ကြီးလား!!

"ဟျောင့် တွေ ဘာလို့ငါကြမပြောကြတာလည်း ခွေးကောင်တွေ ရန်ဖြစ်တာ သူတို့နှစ်ယောက်အပြင်မရှိဘူး အခုကြတော့ ပူးကပ်နေလိုက်ကြတာကွာ"

Gemက စိတ်မဆိုးရက်ဘဲ ဝမ်းသာတဲ့မျက်နှာနဲ့ သူငယ်ချင်းတွေကိုစနောက်နေသည်။

"မပြောဘူးပြောရအောင် မင်းကကျောင်းမှန်တာကြလို့ မင်းအသည်းလေးနဲ့တောင်မင်းမအားတာ အခုသိပြီမလား မသိရင် ထပ်ပြောမယ် ငါတို့တွဲနေကြတာ တစ်ပတ်တောင်ပြည့်တော့မယ် ပြွတ်"

စကားပြောရင်း Dunkနှုတ်ခမ်း ပန်းဆီရောင်လေးကို လှမ်းနမ်းလိုက်သည်။

Love is trickyWhere stories live. Discover now