"ပါး ကျွန်မလှရက်လားကြည့်ပါအုံး "
"လှပါတယ် မားရယ် မားအလှဆုံးဘဲ ဒီနေ့ပွဲမှာ"
နောက်ဆုံးတော့ ဒီလိုနေ့မျိုးရောက်ခဲ့ပြီလေ သားတို့တွေပြန်အဆင်ပြေကြပြီ မား သားတို့ကိုမခွဲပါနဲ့တော့လို့ ပြောပြလာတော့ ကျွန်မဝမ်းသာသွားတယ်လေ။အခုတော့ သားကြီးကို အရင်မင်္ဂလာဆောင်ရတော့မယ်။
"ကျွန်မတောင်စိတ်တွေလှုပ်ရှားနေတာ ကလေးတွေဆို ဘယ်လောက်တောင်ရင်ခုန်နေမလည်း"
"Gem အကိုအဆင်ပြေရဲ့လား အကိုစိတ်ထဲတစ်မျိုးဘဲ"
"ပြေပါတယ် အကိုရယ် အကိုတို့ကိုသိပ်ကြည်တာဟုတ်ဘူး ကျွန်တော့် ကလေးကျောင်းပြီးမှ မင်္ဂလာပွဲအတူတူလုပ်ပါမယ်ဆိုအခုတော့သူတို့ကအရင်ယူကြပြီ"
Gem တစ်ယောက်မကျေမနပ်ဖြစ် Pondတို့ကိုစိတ်ဆိုးနေသည်။ တကယ်ဆို သူတို့လေးယောက်တိုင်ပင်ထားတာနောက်နှစ်အကုန်မှလေးယောက်အတူတူမင်္ဂလာဆောင်ကြမို့။ဘာလို့ဆိုသူ့ကလေးလေးကနောက်နှစ်ကုန်ဘွဲ့ရပြီလေ အခုလည်းသူကုမ္ပဏီမှာဘဲအလုပ်သင်ဆင်းနေပြီ ဒါကိုမားက အတင်းတွေမင်္ဂလာပွဲလုပ်လိုက်ကြတာလေ။
"Phuwin အရမ်းတွေစိတ်လှုပ်ရှားနေတာလား "
Phuwin ကို makeup ပြင်ပေးသည့် အကိုကမေးသည်။
"စိတ်လှုပ်ရှားတာထက် မယုံနိုင်သေးတာ အကိုလည်းသိသားနဲ့ ကျွန်တော်တို့ဝေးကတည်းပြန်မဆုံနိုင်ဘူးထင်တာ အခုတော့ ပြန်ဆုံတာ တစ်နှစ်ဘဲရှိသည် မားကိုယ်တိုင်မင်္ဂလာပွဲကျင်းပပေးတာလေ ပျော်လွန်းလို့ငိုမိတော့မယ်"
"P'Pond ကိုအဲ့လောက်တောင်ချစ်တာလား အကို"
Fotfot မေးတဲ့မေးခွန်းကို Phuwin ပြုံးပြီး ခေါင်းညိတ်ဖြေခဲ့သည်။
"သားတို့ အဆင်သင့်ပြင်ထားတော့နော်"ဆိုပြီးFotfotမားရဲ့စကားကြောင့် သူတို့အကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
မျက်နှာချင်းဆိုင်အခန်းရဲ့ တံခါးနှစ်ခုဟာ တပြိုင်နက်တည်းပွင့်သွားပြီး တစ်ခန်းစီမှာ သတို့သားနဲ့သတို့သားအရံတို့ဟာ မျက်နှာချင်းဆိုငိအကြည့်ချင်းဆုံနေကြတယ်။ ထို့နောက် တဖက်သတို့သား Pondက သူရှေ့သို့လျှောက်လာပြီး သူ့လက်အား ချိတ်ရန်တောင်းဆိုသည်။ သတို့သားအရံနှစ်ယောက်ကလည်းတစ်ယောက်လက်တစ်ယောက်ချိတ်ကာ ပြုံးပျော်နေကြသည်။ ထို့နောက် အနီရောင်ကော်ဇောကြီး ခင်းထားတဲ့ လှေကားအတိုင်းတစ်ထစ်ချင်းဆီ ဆင်းလာခဲ့သည်။
ခန်းမထဲကလူတွေကလည်း သူတို့ကို ကျေနပ်ပီတီဝမ်းသာနေတဲ့ မျက်ဝန်းတွေနဲ့ လက်ခုပ်တီးပြီးကြိုဆိုကြတယ်။