အပိုင်း ၁၁ (unicode&zawgyi)

3K 151 8
                                    

         ဒီနေ့သည် လစာထုတ်ရက် ရုံးမှာ နှစ်ယောက်တည်းရှိ့ပေမဲ့ နှစ်ယောက်စလုံး အူမြူးနေကြလေတယ် လက်ထဲ ပိုက်ဆံလေးရောက်လာတော့ အဲ့လိုပဲ ရွှင်ပြနေခြင်းဖြစ်သည်။ နှစ်ယောက်သား သိမ်တော်ကြီး မုန့်စျေးတန်းထဲ ရောက်လို့နေပါတယ်။ အန်တီဆရာမအတွက် ဘာမုန့်ဝယ်သွားရရင် ကောင်းမလဲ ဟိုတစ်ခါတုန်းက မာလာရှမ်းကောဝယ်သွားတယ်ဆိုတော့ ။ ဒီတစ်ခေါက်မထပ်ရလေအောင် ပြီးကျ အန်တီဆရာမက အစပ်မစားနိုင်တာ။ အွန်း သေချာစဥ်းစားစမ်း မိဟေ ဦးနောက်ကလေး အလုပ်လုပ်စမ်းကွယ် နန်းကိုကြည့်တော့လည်း ဘေးမှာ ငါးအရေခွံကြော်လေးတွေ ရွေးလို့နေတယ် ရုတ်တရက်။

''ဟိုက်  ငါအကြံရပြီ အန်တီဆရာမ ဘာကြိုက်လဲ ငါသိပြီ။''

နန်းကို အသာလေးရိုက်မိတော့

''လန့်တာ မိဟေရယ် ခုထိ ဘာမှ မစဥ်းစားရသေးဘူးလားငါဖြင့် ဝယ်ထားတာ တအားများနေပြီ ဝယ်တော့ ဝယ်တော့'။'

''အေးပါဟယ် ချစ်ရတဲ့အမျိုးသမီးကအတွက်ပါဟယ်။ ဒါနဲ့ နင်ကရော ဘာတွေဝယ်ထားပြီလဲ ခုည လပြည့်နေဆိုတော့ကာ။ ''

''Full Moonဝယ်ထားတယ် ဟဲဟဲ။''

''ဒီအသောက်သမားက တစ်မျိုး အားအားရှိ့သောက်ဖို့ပဲ။''

''အမယ် ခုမှ သူတော်ကောင်းကြီးလုပ်မနေနဲ့ ကြွက်တွင်းကများ။  ကြွတ်တွင်းသာ ဖြည့်လို့ပြည့်မယ် နင်ကတော့ တစ်ဆိုင်လုံးသာကုန်သွားမယ် သောက်လို့ကောင်းတုန်းမလား ကမရယ်။''

''ဟဲ တိုးအုံးနင့်အသံကြီး ဆိုင်ရှင်ကြည့်နေပြီး ပြုံစိစိလုပ်နေပြီ။ အန်တီ ငါးအရေခွံကြော် ၃၀၀၀ဖိုးလောက်ထည့်ပေးပါနော် ပိုပိုလေးထည့်ပေးပါအုံး ဟီး။''

အဲ့လိုအစစ်တောင်းနေကြဆိုတော့ သိနေပြီ။ ဒီမျက်နှာကြီးကို ခွေးချီသွားတောင် မှတ်မိနေကြမလား ။ ဘာတဲ့ ပြန်ပြီးတောင် စလိုက်သေး ဘေလာဆောင်တဲ့အခါကျ ဘေပိုထည့်ပေးပါတဲ့။ ''လခွမ်းသေရော ထိုအချိန် နန်းရဲ့အသံကြောင့် ။

''ဟဲ့ဟဲ့ ဟိုမှာ ရတနာ မလားငါတို့ဆီ လာနေသလိုပဲ သူဘယ်အချိန်က ပြန်ရောက်လဲမသိဘူး။ ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Hikayelerin yaşadığı yer. Şimdi keşfedin