အပိုင်း ၆ (unicode&zawgyi)

3.7K 183 5
                                    

အပိုင်း ၆

          ''ဟေမာန် စည်သူပါတယ်ဟ နင်နဲ့ စကားခဏပြောချင်တယ်ဆိုလို့။  သူတောင်းပန်ချင်တယ်ဆိုလို့ ပါ။ သူလည်း ဒီတစ်ပက်အတွင်း သူ့အဖေအမေတွေရှိတဲ့ သြဇီကို သွားတော့မှာ။ ''

''အေး ရတယ်လေ သူဘယ်မှာလဲ နောက်ဆုံးအကြိမ်ပဲဟာ။''

''အေးပါဟာ ငါတို့လည်း ဘေးမှာ အမြဲရှိတယ်ဆိုတာ မမေ့နဲ့။ ဘာမှ ကြောက်စရာမလိုဘူး။ ''

ထိုစကားကို ဘာမှဝင်မပြောဘဲ ဘေးမှာသာ ငြိမ်နေသော ဝေယံမှ ပြောတာဖြစ်တယ်။ ချစ်ရသူနဲ့ တူတူလာပါတယ်ဆိုမှပဲ။  ဖြစ်နိုင်ရင် အန်တီဆရာမ စိက်ထဲတွေးရခက်စေမဲ့ အရာဆို ဘယ်အရာမှကို မဖြစ်စေချင်တာအမှန်ပါ။ ဘာပဲဖြစ်ဖြစ်ပါ အမြစ်ဖျက်ဖို့ တွေးထားပြီးသားမို့ ကိုယ့်စိက်ကိုယ်တော့ လုံပါတယ်လေ။

''အန်တီဆရာမ သမီးခဏလောက် စကားသွားပြောအုံးမယ်နော် စိက်မပူပါနဲ့နော် ခဏပဲ ပြန်လာခဲ့မယ်။ ''

''အေးပါကွယ် စောင့်နေပါမယ် ခဏပဲကို။ ပြီးကျ မြန်မြန်ပြန်လာခဲ့ အချိန်မနည်းတော့ဘူးကွယ်နော် အန်တီပြောတာ နားလည်တယ်မလား။''

'' ဟုတ် တကယ်ခဏပဲနော် လာ အာကာ သူက ဘယ်မှာလဲ။ ''

''အေးလာ ကန်ဘောင်မှာ ရှိ့တယ် ဘာမှ စိက်မပူနဲ့ ငါတို့အနားမှာ ရှိ့နေမယ်။ ''

စိက်ပူနေသော အန်တီဆရာမမျက်နှာကို ကြည့်ပြီး စိက်မပူစေကြောင်း မျက်ရိပ်လေးသာ ပြခဲ့ခြင်းပါ။ တကယ်ဆို အန်တီဆရာမ စိက်ခုသွားမှာ မလိုလားပေ။ ပြုံးနေတဲ့ မျက်နှာလေးသာ အမြဲ မြင်ချင်မိတာ ။ စိက်ပူအောင်မလုပ်ရက်ပါဘူး ။ ပြတ်ပြီးသား ကိစ္စတွေ ပြတ်တောက်သွားတဲ့ဆက်ဆံရေးတွေမှာ နလန်ထူအောင်မနည်းကြိုးစားခဲ့ရသည်မလား။ တစ်ခါတစ်လေများတွေးမိတယ် ဒီအမျိုးသမီးက သူမကို ပြုံးအောင်အမြဲလုပ်နိုင်သူကြီးရယ်လို့။ တကယ် အန်တီဆရာမနဲ့ တွေ့ဆုံပေးခဲ့သော ကံတရားကို ကျေဇူးတင်မိပါတယ်။...

  ''မား ပါးကို လာတွေ့လို့ ကျေးဇူးတင်ပါတယ်။ ပါးအမှားတွေပါ။ ပါး မားကို အရမ်းချစ်ခဲ့တာ မား အသိဆုံးမလား။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) حيث تعيش القصص. اكتشف الآن