ညနေခင်းဘက် ရုံးကပြန်ရောက်တော့ စျေးဘက်ကို ချစ်ရသူက ခေါ်လို့ လိုက်ခဲ့ခြင်းဖြစ်သည်။
''အန်တီဆရာမ ပူတူးဒီကပဲ စောင့်နေတော့မယ်နော် ဆိုင်ကယ်အပ်ဖို့ အဆင်မပြေလို့။''
''ဟုတ်ပါပြီ ဒါဆိုလည်း ဒီကပဲ စောင့်နေပေး ခဏနော်။''
''ဟားဟား ဘယ်သူလည်း မှတ်တယ် အရမ်းချစ်တက်သူကြီးပဲ ဒီမှာကြည့် ဟိုတစ်လောက မင်းတို့အဖွဲ့ လုပ်ခဲ့တာတွေမှတ်မိသေးလား။''
''သြော် ဘယ်သူများလဲလို့ မတွေ့ချင်တဲ့ မျက်နှာကြီးတွေ့နေရပြန်ပြီ အေးဆေးနေစမ်းပါဟယ်။ ''
''မနေဘူးဆိုရင်ရော။''
''ဝဏ္ဏ ငါရန်မဖြစ်ချင်ဘူးနော် ဘေးမှာလူတွေနဲ့ အားနာအုံး။''
''လိမ်မာချင်ယောင်ဆောင်မနေပါနဲ့ဟာ ။''
''အေး ဘာဖြစ်ချင်နေတာလဲပြော။''
သူတို့ဘက်က ရန်စသည်မို့ ငြိမ်နေသော်လည်း မရသဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ ဘေးကလူတွေလည်း ဝိုင်းဆွဲကြချိန် အဲ့ကောင်လက်ထဲမှာ အသင့်ပါလာတဲ့ ဓားနဲ့ ဟေမာန်ကို လှမ်းထိုးချိန် မထင်မှတ်ထားပါပဲ
''ပူတူးငယ် အနောက်မှာ အ့။''
''အန် အန်တီဆရာမ။''
''လုပ်ကြပါအုံး ဒီမှာဆရာမကို ဓားထိုးမိသွားလို့ ကားခေါ် ကားခေါ် ။''
''အန်တီ ဆရာမ မဟုတ် မဖြစ်ရဘူးလေ အဟင့်ဟင့် မရဘူး ဆေးရုံးသွားမယ်။ ''
အရူးတစ်ယောက်လို အော်ဟစ်နေတာ ဟေမာန့်ရဲ့ မျက်နှာလေးကို အသာအယာလေးကိုင်ပြီး။''
''လိမ်လိမ်မာမာနေနော် အ့ ပူတူးငယ်။''
''အန် အန်တီဆရာမ မဖြစ်ရဘူးလေ ပူတူးကို ထားမသွားရဘူးလေ မထားခဲ့ပါနဲ့ ပူတူးရူးလိမ့်မယ် အဟင့်ဟင့် မလုပ်ပါနဲ့ ပြန်ခေါ်ပေးကြပါ အဟင့်ဟင့်။''
''အန်တီဆရာမ. အန်တီဆရာမ ။''
''ဘာလို့ ဒီလောက်တောင်ခေါ်နေရတာလည်းကွယ်။''
''အန်တီဆရာမ ဘာမှမဖြစ်ဘူးမလား နေအုံးကြည့်အုံးမယ်။ ''
''ဘာကို ဘာဖြစ်ရမှာလဲကွယ် ဒီမှာ ပူတူးကြိုက်တဲ့ မျှစ်ချဥ်ခေါက်ဆွဲလုပ်နေတာကိုကွယ် အလန့်တကြားဖြစ်အောင်။''
![](https://img.wattpad.com/cover/343921547-288-k869275.jpg)
CZYTASZ
ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete)
Romansအန်တီဆရာမက ကလေးတွေကို စာအကြောင်းပြော ပူတူးငယ်က အန်တီဆရာမကို ချစ်တဲ့အကြောင်းတွေ ပြောမယ် ဘယ်လိုလဲ။ နှင်းဟေမာန်ကျော် ချစ်တဲ့ အကြောင်းတွေပဲ စာစီမနေနဲ့ ကလေးမ အာဘွားလေးတော့ လက်တွေ့ပေးလှည့်အုံးကွယ်။ ဒေါ်မိုးမြင့်အိန္ဒြေ