အပိုင်း ၂၃

2.3K 120 11
                                    

       တစ်နေ့ တစ်နေ့ ယွန်းမြတ်ဝတီ နားဒုက္ခလာလာပေးနေခြင်းမှာ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ရုံးပိတ်ရက်ဆို ပိတ်ရက်မလို့ မပိတ်တော့လည်း Sim Cardဝယ်သယောင်ယောင်နဲ့ ရုံးကို ရောက်ရောက်လာတက်သည်။ ဒင်းကျောင်းသွားတက်နေတာတို့ ဆေးဝါးကျွမ်းကျင်သွားတက်နေတာတို့ဆို အရမ်းနားအေးတာ။ ခုတော့ဖြင့် ရောက်မလာလိုက်နဲ့ ရောက်တာနဲ့တန်းပြီး ငါတွေ့ချင်လိုက်တာ ငါဘယ်ရှာရမလဲ ခဏဆို ခဏလေးပဲဟာ အဲ့ရန်ကုန်ကားနဲ့ပဲ ပါသွားတာ  ငါတော့ရူးပြီလားမသိနဲ့ ရင်ဖွင့်သမျှ ဒိုင်ခံနားထောင်ပေးရသူကတော့ ဟေမာန်ပင်ဖြစ်သည်။ ပိတ်ရက်ကလေး အန်တီဆရာမနဲ့ တူတူအေးအေးဆေးဆေးနေရမလားမှတ်တယ် ခု့တော့ဖြင့် အဲ့Mashaပြန်ရောက်ကတည်းကို မျက်စိတွေလည်းနောက်နေပါပြီ။

   ''သမီးယွန်းမြတ်က ဟိုနှစ်မိုင်ဘက်က အဘွားတို့အိမ်မှာနေတာဆိုတာလားကွယ် ''

''ဟုတ်တယ် အန်တီ သမီးက မြစ်ကြီးနားပဲ ကျောင်းတက်တာ ငယ်ငယ်ကတည်းက ပိတ်ရက်တိုင်းတော့ ပြန်တယ်။ ဒီဟာမနဲ့ တွေ့ချင်လို့လေ ဟိုမှာပဲ ဆေးဝါးကျွမ်းကျင်တက်ခဲ့လိုက်တာ ရန်ကုန်က ဆေးဆိုင်မှာ အလုပ်တော့လျှောက်ထားတယ် ရမလားတော့မသိဘူး''

''သမီးအကောင်းဆုံးကြိုးစားထားတာပဲ ရမှာပဲ ''

''ဟိတ် ဘာတွေပြောနေကြတာလဲ ယွန်းမြတ်ဝတီ နင့်အိမ်ကို မပြန်တော့ဘူးလား နင်ပြန်ရောက်ကတည်းက အဒေါ်ကပြောတယ် လက်မခံချင်တော့ဘူးတဲ့ နင့်ကို''

''ဘာဖြစ်လဲ လာနေတော့ သြော်ပြောဖို့တောင် မေ့နေတယ် ဒီမှာ ကျောပိုးအိပ်ထဲမှာ အဝတ်ထုတ် ဒီမှာနေမလို့ ဒါပဲ''

''ဟဲ့ဟဲ့ ဒါက ငါ့အိမ်နော် ငါလက်မခံဘူး သွားသွားပြန်ပြန်''

ဒီကလေးနှစ်ယောက်ကလေ အမြဲတမ်း တွေ့တာနဲ့ ကိုက်ပြီ ပြီးကျ မတည့်တာလဲမဟုတ် ညရောက်ပြီဆိုတာနဲ့ ဂိမ်းတူတူဆော့ဖို့ ချောင်းရတာလည်း အမော။ ပြောတော့ မတည့်ဘူး ဂိမ်းဆော့ရင်းလည်း ရန်ဖြစ် အိပ်ချိန်ရောက်မှ ငြိမ်သွားကြရော။ သမီးယွန်းမြတ်ကလည်း ပူတူးကလေးကို သိပ်ခင်တွယ်ရှာတယ်။ မဟေက မောင်နှမ ညီအစ်မတွေထဲမှာ ခင်ဖို့အကောင်းဆုံးတဲ့ သူ့ကိုလည်း နားလည်အပေးနိုင်ဆုံးလူပဲတဲ့။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Wo Geschichten leben. Entdecke jetzt