အမည်မဖော်လိုသူ ဇာတ်ရံတစ်ယောက်ဟာ သေဆုံးခဲ့သည်။
သူ့ရဲ့မှတ်ဉာဏ်တွေဟာ မှုန်ဝါးဝါးဖြစ်နေပြီး သေဆုံးရတဲ့အကြောင်းရင်းကို သူပြန်မမှတ်မိနိုင်တော့ချေ။
အမှတ်တရဟောင်းတစ်ခု ဖြစ်သွားခဲ့သည်။
သူ၏သေဆုံးမှုသည် ရိုးရိုးရှင်းရှင်း မတော်တဆမှုတစ်ခုလား လုပ်ကြံခံရတဲ့ သေကြောင်းကြံစည်မှုတစ်ခုလားဆိုတာ သူမသိတော့ပါ။
သို့သော် ထပ်ခါတစ်လဲလဲ သေဆုံး၍ ထပ်ခါတစ်လဲလဲ ပြန်လည်မွေးဖွားခြင်းသည် အဆုံးမရှိသော
သံသယာမှန်း သိမြင်လိုက်ရသည်။တစ်ဖြည်းဖြည်းနဲ့ သူနေထိုင်ခဲ့တဲ့ အတိတ်ဘဝများက အမှတ်တရတွေကအစ အသေးစိတ်တစ်ခုမကျန် စာကြည်တိုက်ထဲတွင် စာအုပ်ပေါင်းများစွာအဖြစ် စုစည်းသိမ်းဆည်းထားခဲ့သည်။
ပြီးပြည့်စုံနေတဲ့ သူ့ဘဝအကြောင်းရာများဟာ စာကြည့်တိုက်တစ်ခုလုံး ပြည့်နှပ်စေခဲ့သည်။ သူရှင်သန်ခဲ့သော တစ်ချို့ဘဝကအမှတ်တရများဟာ အလွန်တိုတောင်းပြီး အဖိုးတန်သည့်အတွက် အလွယ်တကူ ပြန်လည်ဖတ်လို့ရအောင် အဓိကစာအုပ်စင်ပေါ်တွင် သိမ်းဆည်းထားခဲ့သည်။
သူ ပထမဆုံးသေဆုံးပြီးနောက် သူ၏ပထမဆုံး လူဝင်စားခြင်းသည် လူသားအဖြစ် ဝင်စားခြင်းမဟုတ်ခဲ့သောကြောင့် နောက်တစ်ကြိမ် ထပ်မံ မဝင်စားချင်တော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ... လူသားတစ်ယောက် ဖြစ်ရတာကိုပင် မေ့လျော့သွားခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။
**************************************