အပိုင်း(၁)

2.8K 118 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" ဟဲ့ကောင်မ အခုချက်ချင်း ဆင်းလာခဲ့စမ်း!!"

၃၃နှစ်အရွယ်အပျိုကြီး ညိုညိုထွန်း၏အိမ်ရှေ့တွင် လုံချည်မကာ အော်ဟစ်ရန်တွေ့နေသော တောင်ပိုင်းသူ အေးမြ။

သူမ၏အိမ်ရှေ့တွင် ငယ်သံပါအောင်အော်ဟစ်နေသော အသံကြောင့် မီးဖိုခန်းထဲမှ ဟင်းမွှေတဲ့ယောင်းမကြီးကို ကိုင်ပြီး ညိုညိုထွန်း အိမ်ရှေ့သို့ဆင်းလာသည်။

သြော်...ဘယ်သူများလဲလို့ တောင်ပိုင်းက အေးမြကိုး။
ရာရာစစ ငါ့အိမ်ရှေ့မှာ ငါ့လိုမိန်းမကို ရန်လာတွေ့ရဲတာနည်းတဲ့ ဇတော့မဟုတ်ဘူး။

" ဟဲ့..အေးမြ ဘာလို့ငါ့အိမ်ရှေ့ အသံကောင်းလာဟစ်နေတာလဲ ၊ ထွက်သွား... ငါ့အိမ်အရိပ်က.."

"ဟဲ့ကောင်မ မိညို ၊ ကျုပ်ကလည်းညည်းအိမ်အရိပ်တောင်နင်းမထားဘူးနော်...ကျုပ်လာတယ်ဆိုတာလည်း စာရင်းရှင်းစရာရှိလို့ဟဲ့.... ဒီမှာကြည့်စမ်း ငါ့ရဲ့အဖိုးတန်လေးကို ညည်းမောင်ညိုချော ထိုးလိုက်တာ မျက်နှာတစ်ခုလုံးဖူးယောင်နေတာပဲ.."

မျက်နှာတစ်ခုလုံး ဖူးယောင်နေသည့် အေးချမ်းမောင်သည် အေးမြ၏ကျောအနောက်မှထွက်လာသည်။

"အောင်မလေးအေ ကျုပ်မောင်ညိုချောလုပ်တယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ၊ ညည်းတို့တမင်ငါ့မောင်ကို ချောက်လာတွန်းနေတာမလား.."

" ဖြစ်မှဖြစ်ရလေ မိညိုရယ်၊ ညည်းမောင်ကိုချောက်တွန်းရအောင် ငါတို့တွေအားယားမနေဘူး...အခုချက်ခြင်းပြန်တောင်းပန်နော် မဟုတ်ရင် အေးမြအကြောင်းကောင်းကောင်းသိသွားမယ်...အေးမြတဲ့ တစ်မြပဲရှိတယ်.."

အေးမြသည် မောင်ဖြစ်သူ၏မျက်နှာကိုမြင်ပြီး အလွန်ဒေါသထွက်နေသည်ကြောင့် မိညို၏မျက်နှာကိုလက်ညိုးဖြင့်ထိုးပြီးရန်တွေ့၏။
သူမ၏ အဖိုးတန်လေးကိုများ ဖူးယောင်သည်အထိ ထိုးကြိတ်ထားတာ ဘယ်လောက်တောင်အကြင်နာတရားမရှိလိုက်သလဲ။

" ညိုချောရေ...ဟဲ့ညိုချော အိမ်ပေါ်ကအခုဆင်းခဲ့စမ်း၊ နင်ရှုပ်ထားတဲ့အမှိုက်ထုတ်အခုလာရှင်းနော်...ညိုညိုထွန်း ပွဲကြမ်းမှ အလွန်ဖြစ်မလာနဲ့.."

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now