အပိုင်း(၅)

846 71 7
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

အုံဂွမ်...အုံဂွမ်..အုံဂွမ်..

တဂွမ်ဂွမ်မြည်ဟီးနေသည့် ဖားအော်သံများနှင့်အတူ ပုရစ်အော်သံတဂျီဂျီသည် ညပိုနက်၏။
တစ်ဖြောက်ဖြောက်ရွာသွန်းနေသည့် မိုးသည်အသက်မပါသလိုပင်။

ညိုချောတစ်ယောက် ဓာတ်ခွက်နှင့်ဘတ်ထရီအိုးကို ကျောသို့လွယ်ပြီး အဝေးကြည့်ညဓာတ်မီးကို နှဖူးအထက်စွပ်လိုက်သည်။
ငါးထည့်ပလိုင်းကိုဘေးတစ်စောင်းလွယ်ပြီး ပုဆိုးခါးပုံစအတွင်းသို့ ကွမ်းယာထုတ်ကိုထည့်လိုက်သည်။

ငါးရစ်ပေါ်ချိန်မို့ ညဘက်ဖြစ်သော်လည်း လယ်ကွင်းတွေထဲ ဟင်းစားရှာသူများပြား၏။
အချို့ဆို ဖားရှာသူများလည်းရှိသည်။

" မသွားပါနဲ့လား ညိုချောရယ် ညလည်းနက်နေပြီ... ဟင်းစားကို ဝယ်စားလို့ရပါတယ်ဟဲ့..!"

ငါးဖမ်းထွက်ဖို့လုပ်နေသည့် မောင်ဖြစ်သူကိုကြည့်ပြီး မိညိုဟန့်တားမိသည်။
ညဘက်ကြီးမို့ မြွေပါး၊ ကင်းပါးရန်ကရှိသေးသည်မဟုတ်လား။
သို့ပေမယ့် သူမ၏ပြောစကားသည်အချည်းနှီးဖြစ်၏။

" အိုဗျာ... ဝယ်စားလို့ရမှန်းကျုပ်သိပေမယ့် လောလောလတ်လတ်ရှာထားတဲ့ငါးလောက် ဘယ်လတ်ဆတ်ပါ့မလဲ သွားမှာကလည်းကတုပ်တစ်ယောက်တည်းမဟုတ်ဘူး ၊ ရွာထဲကလူတွေလည်းအများကြီးပါဗျာ...စိတ်ပူမနေနဲ့ အမရေ... ကျုပ်သွားပြီဗျို့..."

ပြောချင်ရာပြောသွားပြီး အိမ်ပေါ်မှဆင်းသွားသောမောင်ဖြစ်သူကို မိညို အော်၍အမှာစကားပါးလိုက်သေးသည်။

" ဘုရားစာလေးရွှတ်သွားဦးနော်...ညိုချောရေ.."

"......."

မိုးကအရမ်းကြီးသည်းထန်စွာရွာနေသည်မဟုတ်ပဲ တဟ်ဖြောက်ဖြောက်ဖြင့်သာ စိုစွတ်​စေသည်။
ငါးရစ်ပေါ်ချိန်မို့ ချောင်း၊ မြောင်း ၊ လယ်ကွက်တွေထဲမှ တလူးလူး တလွင့်လွင့်ကဖြင့်တတ်လာသော လက်လေးလုံးပမာဏရှိ ငါးပြေမများ။

ညိုချောသည် သူ၏မီးရောင်ရှေ့သို့တလူးလူးဖြင့်ရောက်လာသော ငါးပြေမကို ဖမ်းလိုက်ပြီး သဘောကျသလိုပြုံးသည်။

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now