အပိုင်း(၁၅)

553 36 3
                                    

Unicode

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

" အဲ့မိန်းမ ကဘာဖြစ်ချင်နေတာလဲမသိဘူး.."

မင်းကြီး ဒီဗသိင်္ခမဟာရာဇာ ၏ဟိန်းဟောက်ခြင်းနှင့်ဟန့်တားခြင်းကြောင့် ပျက်ယွင်းသွားသည့် ကလျာဒေဝီ၏မျက်နှာကို အားလုံးမြင်ကြသည်။

" မင်းကိုနိမ်ချင်နေတာနဲ့တူတယ်.."

တွေးစစဖြင့် ကျောက်ခဲ ကဝင်ပြောသည်။အားလုံးကလည်းငြိမ်သက်၏။
နတ်ဆရာမကြီးက သက်ပြင်းကိုဖြေညှင်းစွာချသည်။သူမသည်သာ အရာရာကိုနားလည်နိုင်သည်မဟုတ်ပါလား..။

မိဖုရားခေါင်ကြီး ကလျာဒေဝီ၏ ယုတ်မာမှုများကိုသူမသည် သိသည်။သို့သော် မျက်ကွယ်သာပြုရလေ၏။
သူမ၏ မျိုးရိုးအဆင့်အတန်းနှင့် ကလျာဒေဝီ ကိုမျက်လုံးဖြင့်တောင် ဝေ့ဝဲမကြည့်ရဲပါ။

"ကလျာဒေဝီ ကသိပ်ကိုမောက်မာလှတယ် ၊ ပြီးတော့ သူမကအရာရာကိုတတ်မြောက်ထားတာကြောင့် မင်းကြီးကလွဲပြီး ဘယ်သူမှမော်မကြည့်ရဲကြဘူး..တူတော် သင်တော့ သတိကြီးကြီးထားရပေတော့မယ်..."

" ဘာလို့လဲ နတ်ဆရာမကြီး.."

နတ်ဆရာမကြီး ၏စကားကြောင့် နားမလည်နိုင်စွာ သစ္စာကမေး၏။

" သူမက မင်းကြီးကိုသိပ်ကိုမေတ္တာစုံမက်တာ
..ဒါကို မင်းကြီးသိအောင်လည်းလုပ်ဆောင်သလို နန်းတော်တစ်ခုလုံးကလည်းသိအောင်စွမ်းဆောင်တယ် ၊ တိုင်းရေးပြည်ရေးအ​ခေအနေအရပ်ရပ်ကြောင့် သုကတီမိဖုရားငယ်ကို တော်ကောက်ဖို့ဖြစ်လာတော့ ကလျာဒေဝီဟာ သိပ်ကိုအမြတ်ရှခဲ့တယ်... အမျိုးမျိုးမိဖုရားကိုကြံစဥ်ခဲ့တယ်ပေါ့ သို့ပေမယ့် ကံတော်သိပ်ကောင်းလွန်းတဲ့ သုကတီမိဖုရားငယ်ဟာ ဘယ်အန္တာရာယ်ကိုမဆို သီသီကလေးလွတ်မြောက်လေ့ရှိတယ်..."

" အဟင်းးးးးး သုကတီမိဖုရားကကံကောင်းတယ်ဆိုတော့ အမညိုရေ ကျုပ်တို့ခေတ်စကားနဲ့ဆို လက်ကီးဒေဝီလို့တောင် တွင်သေးတယ်ဗျာ..."

" အေး....ဟုတ်တယ် နော် ဟဲ့ နာမည်လေးကလှတောင်လှသေးတယ် လက်ကီးဒေဝီိဆိုပဲ.."

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now