အပိုင်း(၃)

934 82 3
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" ပုဆိုးချွတ်ပြီး ကုန်းလိုက်..!"

" ဘာ..!!"

အေးချမ်းမောင်၏ စကားကြောင့် ညိုချောလန့်ဖြန့်သွားသည်။
သူ့ကိုခါးထောက်ကာကြည့်ပြီးအတည်ပေါက်မျက်နှာဘေးကြီးနှင့်ပြောလာသည်ကြောင့်  ပြစ်ပြစ်နှစ်နှစ်ဆဲပေးလိုက်သည်။

" ီးပဲ...ီးမို့လို့ ပုဆိုးချွတ်ရမှာလား..ကျွတ်ကျွတ်!!"

" ဟျောင့်...လယ်ကွင်းကြီးထဲ မဆဲရဘူးဆိုတာမင်းမသိဘူးလား ဟမ်၊ မချွတ်ချင် ဂဏန်းညှပ်တာခံပေါ် ဒါပဲရှိတယ်..!."

အ့...!!

တင်ပါးကိုမြဲမြန်စွာ ညှပ်ထားတာကြောင့်အသဲခိုက်မတတ်နာလွန်း၏။
ညိုချော ကြိတ်ခံထားပေမယ့် မအောင့်နိုင်တော့တာကြောင့် အသံထွက်ခါငိုမိပြန်သည်။

" အဟင့် အဟင့် အမရေ ၊ ကျုပ်အဖြစ်ကိုလာကြည့်ပါဦး....ဒီဂဏန်းကြီးကိုဖြုတ်ပေးကြပါဦး.."

" ကြာပါတယ်ကွာ ၊ ဟျောင့် ညိုချော ဟိုဘက်လှည့်ပြီး ပုဆိုးချွတ်လိုက်စမ်းပါကွာ...ကြာရင်မင်းရဲ့တင်ပါးပြက်ထွက်လိမ့်မယ်နော်. !"

" အီးးးးးမရဝူး မရဝူး...ဖြုတ်ပေး ၊ ငချမ်း ငါ့ကိုဖြုတ်ပေး..!!"

အသားတော့အပြက်မခံနိုင်ဘူး။ ရှက်ပေမယ့်လည်း နာလွန်းနေသည်မို့ ရှက်မနေနိုင်ပါ။
တစ်ဖက်ခြမ်းသို့လှည်ကာ တိုတိုဝတ်ထားသည်ပုဆိုးကို ကွင်းလုံးချွတ်ချလိုက်သည်။
အရှေ့ဘက်က ညီလေးကိုတော့ ဘယ်ဘက်လက်ဖဝါးဖြင့် ငချမ်းမြင်မှာစိုးသည်ကြောင့်အုပ်ထားပြီး ညာဘက်လက်ဖဝါးနှင့်ကျ မျက်နှာအထက်မှ မျက်ရည်များကိုသုပ်ဖယ်နေလိုက်၏။

" ကုန်းလေကွာ..!"

" မင်း..ခွေးကျင့်ခွေးကြံ မလုပ်နဲ့နော်..!!"

" လှည့်စမ်းပါ...စောက်ရမ်းကိုလျှာကရှည်တယ်.."

အေးချမ်းမောင်သည် ညိုချောကိုကြည့်ကာ နည်းနည်းတော့သနားမိသွားတယ်။
တင်ပါးလုံးလုံးလေးရဲ့အသားကို သိမ်ဝင်အောင်ညှပ်ထားသည် ဂဏန်းသည် ဒေါသကြီးစွာ ပါးစပ်အတွင်းမှအမြှုပ်တွေတောင်ထွက်နေသည်။
အေးချမ်းမောင်လည်း ဂဏန်းရဲဲ့လက်မကြီးကို သေချာကိုင်ပြီးညှပ်ထားတဲ့အသားကိုဖယ်ထုတ်သည်။

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now