အပိုင်း(၇)

838 69 4
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

အေးချမ်းမောင်သွားတာကြာနေပြီကြောင့် ကျောက်ခဲနဲ့ဒိုးလုံးသည် စိန်ပန်းပင်အောက်တွင် ပျင်းရိစွာထိုင်နေကြ၏။
ဒိုးလုံးက မြက်ရိုင်းလှလှလေးတစ်ပင်ကိုခူးဆွတ်ကာ သွားဖြင့်တစ်တိတိကိုက်နေရင်းမှ ပျင်းရိစွာငြီးတွားသည်။

" ဟျောင့်.. ကျောက်ခဲ အေးချမ်းမောင်သွားတာကြာလှချည်လား.."

" ​သြော်...မင်းကလည်းကွာ သူလည်း ပိုးဥနဲ့စကားပြောနေတာနေမှာပေါ့...ဘာလဲ မင်းသွားရာရှိသေးလို့လား.."

"သွားစရာမရှိဘူး ဟျောင့်ရေ ၊ လုပ်စရာရှိတာဟ တို့ရွာကအုပ်ကြီးက မနက်ဘုန်းကြီးကျောင်းလမ်းက မြက်ရိုင်းတွေရှင်းဖို့ ကာလသားခေါင်း​​ဆောင်ရွေးမလို့တဲ့ကွ အဲ့ဒါတို့ရွာက လူပျိုတွေကို တစ်အိမ်ဆင်း၊ တစ်အိမ်တတ်လိုက်ခေါ်ခိုင်းထားတယ်.."

" ဟျောင့် ဒိုးလုံး... မင်းက အေးချမ်းမောင်သူငယ်ချင်းလုပ်နေပြီး တော်တော်တုံးတာပဲ ၊ ဒီမှာ ငါတို့တောင်ပိုင်းကိုယ်စားပြု သူဌေးလေးအေးချမ်းမောင်ရဲ့ အသံချဲ့စက်ရှိတယ်လေကွာ... အဲ့အခါကျ မင်းနဲ့ငါ အသံချဲ့စက်ကြီးကိုဖွင့်ပြီး တစ်ရွာလုံးကြားအောင် ကြေငြာလိုက်မယ်လေ ဘယ်လိုလဲ ငါ့ပေးတဲ့အကြံ.."

" ဟာ..!!! ဟုတ်သားပဲ ငါဒီအကြံကိုမစဥ်းမိဘူးပဲ မင်းတော်တယ် ကျောက်ခဲ.. မင်းသိပ်တော်တယ်..!!"

ကျောက်ခဲ၏စကားကို ကျေနပ်သဘောကျစွာ ဒိုးလုံးကထောက်ခံ၏။
သို့ပေမယ့် ကိုင်းတောများကို တိုးဝင်လာသော အသံကြောင့် နှစ်ယောက်သားခေါင်းထောင်ပြီးကြည့်မိသည်။

ဟော...တွေ့ပါပြီ... ခုနကသေသေသပ်သပ်ဝတ်ထားသည့် အေးချမ်းမောင်၏အဝတ်အစားများသည် ရေများ၊ ရွှံနွံများဖြင့်ပေကျံကာ ဖရိုဖရဲဖြစ်နေသည်။
သူ့ရဲ့အနက်ရောင်ရှူးဖိနပ် ကြီးကို ခါးကြားတွင်ညှပ်ကာ ကျောပေါ်တွင် လူတသ်ယောက်ကိုလည်း ကျောပိုးလာ၏။

ကျောက်ခဲနဲ့ဒိုးလုံးလည်း ဘာဖြစ်လာမှန်းမသိတာကြောင့် ထိုင်နေရာမှကြုံးထကြပြီး အ​ခေအနေကို မေးမြန်းသည်။

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now