အပိုင်း(၁၄)

467 37 8
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Zawgyi

ညီလာခံခန်းမဆောင်ကြီးတစ်ခုထဲတွင်ဖြစ်သည်။
အရာအားလုံးကိုတိတ်ဆိတ်ငြိမ်သက်ခြင်းကသာကြီးစိုးနေတယ်...။
ပလ္လင်ထက်တွင် လျော့ရဲရဲထိုင်နေသော ဒီဗသည် တစ်ခုခုကိုတွေးတောနေသည့်ဟန်။

မိဖုရားခေါင်ကြီး ကလျာဒေဝီ၏မျက်နှာတော်သည် တည်တင်း၍တစ်ခုခုကိုအလိုမကျခြင်းလည်း ဖြစ်ပေါ်နေသည်။
သို့ပေမယ့်....သူမနဲ့ခြားနားစွာ ပိတောင်ခြောက်ရောင် ပုခြည်ဖျင်ဝတ်လုံကို ဆင်မြန်းထားသည့် မိဖုရားတစ်ပါးသည် ပြုံးယောင်
သန်းသော မျက်နှာလေးဖြင့် အားလုံးကိုကြိုဆိုနေသည်။

ပုလဲတစ်မျိုးကိုသာဆင်မြန်းထားသည်သာမက သူမ၏အပြုံးသည်ပုလဲလုံးလေးတွေလို ဖြူစင်သည်။
ဦးခေါင်းထက်ရှိ ပုလဲကိုယ်လုံးဆံထုံးကိုလည်း ပုလဲများဖြင့်သာဆင်ယင်ထားသည်။
သူမသည် မင်းကြီး၏ဒုတိယမိဖုရား သုကတီမိဖုးရား(ကံကောင်းသည့်မိဖုရား) ဖြစ်သည်။
အနေအေးခြင်းကြောင့် နန်းတော်ထဲတွင်သူမရှိသည်ကိုတောင် မေ့လျော့နိုင်ကြသည်။

ပန်းချီဆွဲခြင်းအနုပညာကို လွန်စွာတတ်မြှောက်သည်ကြောင့် ပန်းချီပညာဆိုရင် သုကတီမိဖုရားသည် ထင်ရှားသည်။

သစ္စာ အပါအဝင် အေးမြတို့၊ အမြညိုနဲ့သူ့ငယ်ချင်းတွေသည် ခန်းဆောင်၏အလယ်ဗဟိုတွင်ပူးပူးကပ်ကပ်ရပ်နေရသည်။
နေရာအသီးသီးတွင်ထိုင်နေသော အမတ်မင်းများသည် သစ္စာကိုကြည့်ကာဖြင့်တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံဖြင့်စကားတွတ်ထိုးနေကြတယ်။
သစ္စာ၏မျက်လုံးများသည် ဘေးဘီဝဲယာသို့မျက်စိကစားနေ၏။
သူမြင်တွေနေရသည်မှာ သူ့အတွက်အထူးအဆန်းတွေသာ ရွှေရောင်ဖိတ်ဖိတ်တောက်နေသော နန်းတော်ကြီးသည်နတ်ပြည်အလား ထည်ဝါလွန်းလှသည်။ အဆောင်အယောင်၊ အသုံးပစ္စည်းများသည် ရှေးဟောင်းပစ္စည်းတွေသာဖြစ်လင့်ကစား လွန်စွာတန်ဖိုးကြီးထိုက်ပေလိမ့်မည်။

" ကဲ....!!!"

တိတ်ဆိတ်ခြင်းကို ဒီဗကပဲစတင်ဖြိုခွင်းလိုက်သည်။
"ကဲ..ဆိုသည့်စကားနဲ့တင် အားလုံး၏ကိုယ်များတောင့်တင်းသွားကြသည်။

ဧကရာဇျသစ်စာ.(Ongoing )Where stories live. Discover now