အပိုင်း(၉)

580 45 9
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Zawgyi

" ပစ္စည်းတွေစုံအောင်တင်ကြဟျောင့်တွေ Bluetooth box လည်းတင်... အစုံတင်ကွာ ၊ ထော်လာဂျီကအကျယ်ကြီးကို..!"

" ဟဲ့....ဘုရားသွားဖူးမှာလား ပျော်ပွဲစားထွက်ကြမှာလား.."

" ဟဲဟဲ....အမအေးမြကလည်း ဘုရားလည်းဖူးရင်း ၊ လိပ်ဥလည်းတူရင်းလေဗျာ...ဟဲဟဲ ထော်လာဂျီပေါ် သီချင်းလေးဖွင့်ပြီးသွားရင် နတ်ပြည်အလား ရှယ်ပဲ.."

အေးမြနဲ့ညိုညိုထွန်းလည်း ဒီအရူးတစ်သိုက်ကိုမနိုင်ရေးချ ၊ မနိုင်ပါ။
ညိုချော နန္ဒာဘုရားဖူးချင်တယ်ဆိုလို့ အားရက်ကလေးလိုက်ပို့ပေးဖို့စီစဉ်ပါတယ် ၊ ဒင်းတို့က ပျော်ပွဲစားထွက်မယ့်ဟန် ရှိုးစမိုးအပြည့်ဖြင့်...။

" ကဲ တင်မယ်ဆိုလည်းမြန်မြန်လုပ်ကြဟယ်...လူငယ်တွေဖြစ်ပြီးသွက်သွက်လပ်လပ်ကိုမရှိကြဘူး..."

မတ်တပ်ရပ်ကာ ပေါက်ပေါက်ဖောက်နေသော အပျိုကြီးနှစ်ယောက်ကြောင့် အေးချမ်းမောင်နှင့် ညိုချောတို့က သက်ပျင်းအကြိမ်ကြိမ်ချသည်။ကျောက်ခဲ ၊ရေခဲ ၊ ဒိုးလုံးနဲ့တုတ်ကြီးကတော့ အပျိုကြီးနှစ်ယောက်၏ခပ်စွာစွာအသံများကြောင့် မျက်နှာကြီးများရှုံ့တွနေကြ၏။

" အားလုံးစုံရင်စထွက်မယ်ဟေ့ အားလုံးတတ်ကြတော့.."

အေးချမ်းမောင်က ထော်လာဂျီမောင်းမယ့်နေရာမှာ ဝင်ထိုင်ကာ အားလုံးကိုအော်ပြောလ်ုက်တယ်။
အဖြူရောင်ရှပ်ကို ခေါက်တင်ကာ မိုးပြာရောင်ပုဆိုးအကွက်လေးကိုဝတ်ပြီး ညိုချောက ဘေးရှိတစ်ယောက်ထိုင်ခုံတွင်ဝင်ထ်ုင်သည်။
နေကာမျက်မှန်အနက်ရောင်ကိုလည်း တပ်ထားသေးတာကြောင့် ပျိုမေတွေအသည်းစွဲအောင်ကြည့်ကောင်းလွန်းနေသည်။

" ကဲ...စထွက်ပြီ...!!"

ထော်လာဂျီတစ်စီးသည် မြေလမ်းဖြူးဖြူးအတိုင်းတစ်ငြိမ့်ငြိမ့်မောင်းနှင်နေသည်။
မိဖုရားရွာ ၊ ကျွဲကုန်းရွာအလွန် မင်းပျိုရွာသို့အရောက်ကို ၃နာရီကျော်ကျော်လောက်စီးရသည်ကြောင့် ထိုင်ရတာဖင်ပူလာတယ်လို့တောင်ခံစားရသည်။

ဧကရာဇျသစ်စာ.(Ongoing )Where stories live. Discover now