အပိုင်း(၆)

806 62 8
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

တစ်ဂျီဂျီအော်ဟစ်နေသော မနက်ခင်းတေးသီငှက်ကလေးများ၏အော်ဟစ်မြည်တွန်သံအပါအဝင် အိမ်ရှေ့တွင် အုပ်စောင်းဖြင့်အုပ်ထားသော တိုက်ကြက်ဖကြီး၏ ဆွဲဆွဲငင်ငင်မြည်တွန်သံကြောင့် အေးချမ်းမောင် အိပ်ယာမှနိုးလာ၏။
ညက ပင်ပန်းသွားသည်အရှိန်ကြောင့် လူကအခုထိမလန်းဆန်း။
အိပ်ယာထက်မှထပြီး အရင်ဦးဆုံးမျက်နှာသစ်၊ ကိုယ်လက်သန့်စင်သည်။

ထိုနောက်... ရှုပ်ပွနေသည့် အိပ်ယာကိုသေသေချာချာခေါက်သိမ်းဆည်းပြီး တစ်ချက်သမ်းဝေ့ကာဖြင့် ရေချိုးခန်းဝင်ကာရေမိုးချိုးသည်။
ရေချိုးပြီးတော့ အမဝယ်ပေးထားတဲ့မိုးပြာရောင်ရှပ်လက််တိုနဲ့ ပလေကပ်ပုဆိုးအကွက်ကျဲကျဲကို ခါးပတ်ဖြင့်ပတ်ကာ လေလေးတချွန်ချွန်ဖြင့်..။
နှဖူးထက်ကျနေသောဆံစအချို့ကို ဆီဖြင့်ဖြီးလှိမ်းကာ သပ်တင်ပြီး အနက်ရောင်ဘွတ်ဖိနပ်ကိုစီးကာအိမ်အောက်ထပ်ကိုဆင်းလာ၏။
မနက်အိပ်ယာနိုးရင် ကိုယ့်အိပ်ယာကိုယ်သိမ်းရမည်ဟု အမိန့်ထုတ်ထားတဲ့ အမကြောင့် လိုက်နာရသည်။ မဟုတ်ပါက အမ၏ခေါင်းခေါက်ချက်ကြောင့် အတိတ်မေ့ချင်သလိုလို ၊ ရွှေပျောက်ချင်သလိုလို။

အေးချမ်းမောင်အောက်ထပ်ကိုဆင်းလာတော့ဖြင့် အမကဆိုင်တောင် ဖွင့်ပြီးနေပြီ။ အမေနဲ့အမေဆုံးပါးသွားပြီဖြစ်ထဲက ကျန်ခဲ့တဲ့ ပဲခင်းရယ်၊ နှမ်းခင်းရယ်၊ ကြက်သွန်ခင်းရယ်ကို အမတစ်ယောက်ထဲကသာဦးဆောင်သည်။
သူကတော့ ဘာတစ်ခုမှဝိုင်းလုပ်ကိုင်ပေးခြင်းမရှိတဲ့ ယောင်ခြောက်ဆယ်၊ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်။

အခုလည်း ရာခင်းကို အငှားအလုပ်သမားတွေဖြင့်လွှတ်ထားပြီး အိမ်ရှေ့မှာပဲ အေးမြ အသုပ်စုံ ဆိုပြီး အသုပ်ဆိုင်ကဖွင့်ထားသေးသည်။
အဖေနဲ့အမေ ချန်ခဲ့သည် ပစ္စည်း၊ဥစ္စာများက ပေါများပေမယ့် သူမမှာမောင်လေးတစ်ယောက်ပဲ ကျန်တော့သည်မို့ သူမရှာသမျှက အေးချမ်းမောင်တစ်ယောက်တည်းအတွက်သာဖြစ်သည်။
မိဘတွေမရှိတော့သည့်အလျှောက် နွှဲ့ဆိုးဆိုးတတ်သည့် မောင်လေးကို မျက်နှာမငယ်စေချင်ပေ။အဓိက ကတော့ မြောက်ပိုင်းက မိချောရဲ့မောင်ထက်သာစေချင်သည်။

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now