Unicode
"ဒွေးလေးရေ.....ဒွေးလေး"
"ဟေဘယ်သူတုန်း
မာန်လေးလာဝင်ခဲ့သား""ဟုတ်
ဦးလေးကရောအလုပ်သွားပြီလား""မင်းဦးလေးကတော့သိတဲ့အတိုင်းဘဲသူလဲမနားဘူးသူမနားတော့မင်းအကိုလဲမနားရပါဘူးကွယ်
ဒါဖြင့်လက်ထဲကဘာတွေလဲ""အမေလေရွာတောင်ပိုင်းဝက်ပေါ်လို့ဒွေးလေးတို့ကိုတစ်တွဲပို့ခိုင်းလိုက်တာ"
"အားနာစရာကြီးကွယ်
ဘယ်လောက်လဲဒွေးလေးပြန်ပေးလိုက်ပါ့မယ်""ဟာဗျာ.....မလိုပါဘူး
ပိုက်ဆံပြန်ပေးလိုက်ရင်အမေကစိတ်မကောင်းဖြစ်နေလိမ်မယ်ယူထားလိုက်ဒွေးလေးကျုပ်သွားတော့မယ်""အေးကွယ်.....ဂရုစိုက်သွားအုန်းနော်"
"ဟုတ်.....ဟုတ်"
ချမ်းရာခြံနားအရောက်ခြံထဲကထွက်လာသူကြောင့်အလိုမကျသလိုကြည့်လိုက်သည်။
"ထိန်သာ့သားငပျင်းကောင်မလားဘာလာလုပ်တာတုန်းဒီကို"
ယောက္ခထီးကြီးအားဝမ်းသာအားရနှုတ်ဆက်ဖို့ပြင်လိုက်ပေမဲ့လာလာခြင်းဆောက်နဲ့ထွင်းလိုက်တော့စိတ်ထဲသိပ်ဘဝင်မကျချင်။
"ငပျင်းကောင်မဟုတ်ဘဲညိုမင်းမာန်ပါဦးဦး"
"အောင်မာ.....ငါ့များဦးဦးတဲ့ဦးလေးဆိုလဲအဆင်ပြေတယ်ဒါဖြင့်ဘာလာလုပ်တာလဲအလုပ်မရှိအကိုင်မရှိရွာရိုးကိုးပေါက်လျှောက်သွားနေတာလား"
"အလုပ်မရှိတာတော့အရင်ကတည်းကပါဗျာတစ်ရွာလုံးသိတယ်တယ်ဦးဦးကအခုသိတာလားအခုကအိမ်ကအမေကဝက်ပေါ်လို့လာပေးခိုင်းလို့လာတာဘာမှန်းလဲမသိဘူးသွားပြီဗျာ"
"လူကြီးကိုဘုနဲ့ဘောက်ပြန်ကပြောသွားသေးတယ်
သားချမ်းရာအဲ့ကလေးနဲ့မပေါင်းနဲ့ကြားလား""ဟုတ်မပေါင်းပါဘူးအဖေရဲ့"
"အလိုတော်သားဖနှစ်ယောက်အိမ်ထဲမဝင်ဘဲဘာတွေပြောနေကြတာတုန်း"
"ဘာမှမဟုတ်ပါဘူးကွာသားကိုဆုံးမစရာရှိတာဆုံးမနေတာ"
"အမလေးကိုထွန်းသာရယ်သူလဲငယ်တော့တာမှမဟုတ်တာတော့်မယ်လဲတစ်နေ့တစ်နေ့ဆုံးမလို့ကိုမပြီးနိုင်ဘူး"
YOU ARE READING
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Romansaညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့