Unicode
ဆောင်းညရဲ့လေပြေအေးလေးနဲ့အတူလွှင့်ပျံလာတဲ့ဂီတာသံခပ်သဲ့သဲ့ကြောင့်ချမ်းရာအသံလာရာပြတင်းပေါက်နားကိုအသာချဉ်းကပ်သွားမိသည်။
လရောင်အောက်မှာထိုင်ရင်းဂီတာကိုလက်
ချောင်းသွယ်သွယ်တွေနဲ့တီးခတ်နေပုံကဘယ်လောက်တောင်ပြီးပြည့်စုံလိုက်သလဲ.....ချမ်းရာသူ့နုတ်မှထွက်သမျှသံစဉ်တိုင်းကိုအလွတ်မှတ်တက်နေခဲ့ပြီ။
"ကျန်နေသေးတဲ့ဘဝခရီးတွေ....."
"ကိုယ်တစ်ယောက်ထဲနဲ့မဖြစ်တော့ပါ"
"မင်းလိုက်နိုင်မလားကွာ....."
"အကြိမ်ကြိမ်အနူးအညွတ်ပန်ကြားကာ"
"ကိုယ်မျှော်လင့်တဲ့ဘဝတစ်ကွေ့မှာ"
"တို့နှစ်ယောက်အတူမခွဲခွာ"
"မှားလား....."
"အချစ်များ.....အကုန်လုံးမင်းအတွက်"
"ကိုယ်လဲရူးတော့မယ်အချစ်ရာ....."
သူ့ရဲ့သီချင်းဟာချမ်းရာအတွက်ဆိုတဲ့အသိနဲ့တင်ရင်ခုန်သံတွေဟာဆောက်တည်ရာမဲ့။
"ဆုံးဖြတ် အချစ်အမုန်းနောက်ဆုံး ပြောဦး"
"တစ်စုံတစ်ခု မင်းရွေးချယ်ပေးပါ"
"ဒီဘဝ မှားလား"
ပြတင်းပေါက်နားကအရိပ်လေးကြောင့်မင်းမာန်အသံကိုပိုမြှင့်လိုက်သည်။
"ကျန်နေသေးတဲ့ အနာဂတ်တွေကိုယ်တစ်ယောက်တည်းတော့မသွားတော့ပါ"
"မင်းလိုက်နိုင်မလားကွာ"
"အကြိမ်ကြိမ် အနူးအညွတ် ပန်ကြားလာ"
"ကိုယ်မျှော်လင့်တဲ့ ဘဝတစ်ကွေ့မှာ"
"တို့နှစ်ယောက်အတူ မခွဲမခွာ"
"မှားလား အချစ်များအကုန်လုံး မင်းအတွက်"
"ကိုယ်လည်းရူးတော့မယ် အချစ်ရာ"
"ဆုံးဖြတ်အချစ်အမုန်းနောက်ဆုံး ပြောအုံး"
"တစ်စုံတစ်ခုမင်းရွေးချယ်ပေးပါ"
"ကိုယ်ဒီတစ်သက် မင်းအချစ်ကို"
"မဖြစ်နိုင်မှန်းသိလျက်နဲ့လိုချင်ခဲ့တယ်"
YOU ARE READING
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Romanceညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့