Unicode
"ဟဲ့ချမ်းရာ
ဘာတွေဖြစ်နေတာတုန်းမျက်နှာတွေလဲနီရဲလို့ပါလား"
အိမ်ထဲရောက်ရောက်ချင်းအမေကစီးကြို၍မေးလာသည်။
"ဘာဖြစ်နေလို့လဲဘာမှမဖြစ်ပါဘူး"
"အမလေးငါ့လာလိမ်နေတယ်ငါရွာထဲကကြားခဲ့ပါတော်"
"ဘာကြားခဲ့တာလဲ"
"အမခင်သားလေးကနင့်ကိုလိုက်ပိုးနေတယ်ဆိုဟုတ်လားငါတောင့်အမခင်သားလေးနဲ့ဆိုနင့်ကိုစိတ်ချပါတယ်အေ"
"ဟာအမေရာပေါက်တက်ကရအဲ့ကောင်လဲယောက်ျားသားလဲယောက်ျားတွေပါဆို"
"အဲ့တော့ဘာဖြစ်လဲချစ်ကြကြိုက်ကြရင်တော့အဲ့ဒီယောက်ျားလေးဖြစ်လို့မိန်းကလေးဖြစ်လို့ဆိုတာကြီးမလိုအပ်ဘူးလေ"
"အိမ်ပြန်ရင်အမေ့ကို Thai blကားတွေမကြည့်ခိုင်းတော့ဘူး"
"ငါ့ဘာသာကြည့်ချင်လို့ကြည့်တာနင်အပူဘာပါလဲကလေးကလေးလိုနေစမ်း"
"အဖေနဲ့တိုင်ရမယ်အမေ့ကို"
"တိုင်ပေါ့ငါ့ကတော်တော်ကြောက်တာဆိုတော့"
အမေကပြောပြီးမီးဖိုချောင်ထဲပြန်ဝင်သွားသည်။ချမ်းရာစဉ်းစားမရတာကအမေကဘာလို့အဲ့ငရှုပ်ကောင်နဲ့ချမ်းရာကိုသဘောတူသလဲဆိုတာကိုဘဲ။
"ကြည်ရေ....ကြည်ရှိလား"
အိမ်ရှေ့ခန်းမှာဆရာမပုညခင်ရဲ့တောင်တန်းတွေရဲ့အလွန်စာအုပ်ကိုဖတ်ဖို့ပထမစာမျက်နှာကိုလှန်နေရင်းအိမ်ရှေ့ကအသံကြားရာဆီကထလာခဲ့လိုက်မိသည်။
"ဒေါ်လေးပါလား ဝင်ခဲ့လေအမေကအနောက်မှဟင်းချက်နေတာ"
"အေးကွယ်.....ဒါနဲ့
ချမ်းရာမင်းအဖေထွန်းသာနဲ့လိုက်မသွားရဘူးလား"
"ဟုတ်ဒေါ်လေးကျွန်တော်ကဒီနေ့နားလိုက်တာပါ
ခဏနော်ကျွန်တော်အမေ့ကိုသွားခေါ်ပေးမယ်"
"နေပါစေပြီးမှထွက်လာပါစေအရီးလဲသိပ်အရေးမကြီးပါဘူးလာပါတို့တူဝရီးတွေစကားပြောကြရအောင်"
"ဟုတ်ဒေါ်လေးပြောပါ"
"အရီးသားကိုမေးစရာရှိတယ်စပ်စုတယ်လို့လဲမထင်ပါနဲ့ကွယ်"
STAI LEGGENDO
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Storie d'amoreညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့
