အပိုင်း(၁၂)

170 10 0
                                    

Unicode


ရွာဦးကျောင်းကိုဆွမ်းချိုင့်သွားပို့ရင်းနောက်က
ငရှုပ်ကောင်ဘယ်အချိန်ကတည်းကများဒုက္ခပေးဖို့စောင့်နေလဲမသိနောက်ကတကောက်ကောက်လိုက်လာသည်။

"ချမ်းရာ.....အဖြေပြန်မပေးသေးဘူးလား"

"..........."

"ကြာတာဗျာ
မူလိုက်တာဆိုတာ"

"မင်း....!"

"ပြောလေဆက်ပြောပါကျုပ်ကိုချစ်တယ်ဆိုပြီး"

ညိုမင်းမာန်ဆိုတဲ့ကောင်ဘာသားနဲ့ထုထားလို့ဒီလောက်တောင်အရှက်မဲ့ရလဲမသိ။

"အရှက်မရှိ‌တဲ့ကောင်"

"ရင့်လိုက်တာ
အရှက်မရှိတဲ့ကောင်မဟုတ်ဘဲမောင်ပါဗျာ
မောင်ရယ်ပါ"

"အရူး"

"ဟုတ်ပါ့အရူးပေါ့
ချမ်းရာကိုချစ်တဲ့စိတ်နဲ့ရူးနေတဲ့အချစ်ရူး
ဟဲ...ဟဲ"

သူ့အကျင့်အတိုင်းဘယ်လောက်ရန်တွေ့တွေ့မျက်နှာပြောင်မြဲပြောင်ဆဲ။

"နောက်ကဆက်မလိုက်လာနဲ့အရှက်မရှိတဲ့ကောင်ရဲ့"

"အများပြည်သူပိုင်တဲ့လမ်းကိုကျုပ်ရောချမ်းရာပါလျှောက်ခွင့်ရှိတာဘဲလူ့အခွင့်အရေးကိုလိုက်မပိတ်ပင်ပါနဲ့"

"အား.......သောက်ရူးကောင်"

ချမ်းရာစိတ်တိုပြီးအော်လွှတ်တာတောင်သူကတဟားဟားအော်ရီနေပါသေးသည်။ဘယ်လိုရေစက်တွေကြောင့်ဒီငရှုပ်ကောင်ရဲ့နှောက်ယှက်တာကိုခံနေရပါလိမ့်။ငယ်ငယ်ကချစ်စရာကောင်းသလောက်ကြီးလေချဉ်လေအဲ့တာကြောင့်အဖေကကြည့်မရတာ ကြည့်မရတဲ့သူရဲ့အပြစ်မဟုတ်သူကိုကမျက်နှာမြင်ရိုက်သတ်ချင်ပါစေဆိုတဲ့ဆုမတောင်းဘဲပြည့်သည်။ပေါ့ပျက်ပျက်နဲ့။

ချမ်းရာကပုံမှန်ဆိုအိမ်ထဲမှာဘဲနေဖြစ်ပေမဲ့သူ့သတင်းတွေတော့အမြဲလိုလိုကြားဖြစ်သည်။ချမ်းရာရှေ့ဆိုကုတ်ကမြင်းရွာထဲမှာတော့အပျိုတရုန်းရုန်းနဲ့ငရှုပ်ငပွေ။‌ကျောင်းမှာလဲဘယ်လောက်တောင်ရှုပ်ခဲ့လဲ‌တွေးကြည့်စရာတောင်မလို။ဒါတောင်ငရှုပ်ကောင်ကသူချစ်ပါသည်တဲ့ယုံချင်စရာ။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now