အပိုင်း(၁၇)

146 8 3
                                    

Unicode

"မမဘယ်လိုဖြစ်လို့ရောက်လာတာလဲ"

"အလည်လွန်နေတဲ့တို့ရည်းစားကိုပြန်လာခေါ်တာပါမာန်"

ရင်ခွင်ထဲပြေးဝင်လာတဲ့မကိုအလိုက်သင့်ထိန်းထားပေးမိသည်။

"ဘယ်ကတည်းကရောက်နေတာလဲ
ဟမ်...!"

‌ရင်ခွင်ထဲကလူကိုဆွဲထုတ်ပြီးမေးတော့....

"ဒီနေ့မှပါမာန်ရဲ့
သက်မာတို့အိမ်မှာတည်းတယ်"

"ထားပါတော့.....တစ်ခုတော့ကြိုပြောထားလိုက်မယ်ပြန်လဲမလိုက်သလိုမနဲ့ကျွန်တော်ကပြန်ခေါ်လို့မဖြစ်မနေလိုက်ရမဲ့ပတ်သတ်မှုမျိုးမဟုတ်တဲ့အတွက်စကားပြောဆင်ခြင်ပါ"

"မင်းဘာစကားလဲမာန်
တို့နဲ့မင်းကဘာတွေလဲ"

"............"

"မင်းဘာဖြစ်ချင်နေတာလဲမာန်မင်းတို့နဲ့ဇာတ်လမ်းပြတ်ချင်နေတာလား"

".........."

"မင်းယောက်ျားမဟုတ်ဘူးလားတစ်ခုခုပြောစမ်းပါ"

"ကျုပ်အများကြီးစဉ်းစားမထားဘူးမမမေ
လူငယ်သဘာဝကြိုက်တယ်တွဲတယ်ဒီလောက်ဘဲ
အလေးအနက်ထား ထားတာမျိုးမရှိဘူး"

"ဘာ.......မင်း!"

"တောင်းပန်ပါတယ်......
အခုဘာလို့လိုက်လာတာလဲဆိုတာကျုပ်သိတယ်ဒါပေမဲ့ကျုပ်အသက်ကအိမ်ထောင်ပြုဖို့အရွယ်ကောင်းမဟုတ်သေးဘူးမမမေကျုပ်ကအခုလွတ်လွတ်လပ်လပ်နေချင်သေးတယ်"

"အဲ့တော့မင်းကတို့ကိုဘာဖြစ်စေချင်တာလဲ
တို့မှာကဒီမှာမင်းကလွဲမရှိဘူး"

"ပြန်ပါမမမေကျုပ်အသိုင်းအဝိုင်းထဲကိုဆွဲခေါ်ဖို့စိတ်ကူးမရှိလို့"

မာန်ဆိုတဲ့ကောင်လေးကအဲ့လိုပါဆိုလမ်းခွဲစကားကိုတောင်စကားအလှသုံးပြီးပြောပေးနေတယ်တကယ့်ကိုညိုမင်းမာန်ပီသပါပေတယ်။

"ဟုတ်ပြီ....တို့ပြန်ပါ့မယ်
သီတင်းကျွတ်ပြီးမှဒီမတိုင်ခင်မာန်တို့ကိုတာဝန်ယူပါ"

"မိတ်ဆွေတစ်ယောက်အနေနဲ့ရွာကိုလာတဲ့ဧည့်သည်အဖြစ်ဧည့်ဝတ်ကျေပေးမယ်ကျုပ်တက်နိုင်တာဒီလောက်ဘဲ"

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now