Unicode
"ဟေ့ကောင်......"
"ဟာ.....သူပုန်ဗိုလ်"
"ဘောကိုသူပုန်ဗိုလ်လား
ညိုမင်းမာန်ကွညိုမင်းမာန်""အမလေးငါ့ကောင်ရာတစ်သက်လုံးကသူပုန်ဗိုလ်ခေါ်လာတာပြင်မရတော့ဘူးကွ"
"ထားပါတော့ဟိုကောင်ရော"
"ဘယ်သူလဲသိုးပေါက်လား"
ရန်မျိုးအမေးကိုပြန်မဖြေတော့ဘဲခေါင်းသာညိမ့်ပြလိုက်သည်။
"ယာထဲမှာပေါ့အဘခိုင်းထားတာတွေလက်စသတ်နေတယ်ထင်တယ်"
"ဪ
ငါလာပြောတာငါနိုင်တော့မယ်ဆိုတာ"မာန်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ပြောတာ့
"ငါတော့မထင်"
ရန်မျိုးကပြန်ခနဲ့သည်။
"ညိုမင်းမာန်ဆိုတဲ့ငါ့ဘဝမှာမဖြစ်နိုင်တာဘာမှမရှိဘူးကွ"
"ဟိုကလက်ခံမှာမဟုတ်ဘူးငါသိနေတယ်
နောက်ပြီးဒီလိုလုပ်တာလဲမကောင်းဘူးလေကွာ"မာန်ဘာမှပြန်မပြောဘဲရီသာနေလိုက်တော့
"နကပ်ကျားကပြောလဲနားမထောင်ဘူးနောင်မှအဖေကယ်ပါအမေကယ်ပါဖြစ်နေမယ်"
"ဒါကတော့မင်းတို့ကငါ့ကိုအထင်သေးတာကို"
"အေးလုပ်လုပ်"
"အေးလုပ်မှာအခုတော့ပြန်အုန်းမယ်
ငါရောက်ကြောင်းလာပြတာဟိုကောင်ကိုရောပြောလိုက်""အေးအေး"
"အဘ......အဘ.....အဘလို့"
"ဟေ.....ဘာတုန်းကွလူကြီးအိပ်နေတာမမြင်ဘူးလား"
"ကျုပ်ဂစ်တာမတွေ့တော့ဘူး
အဘလွှင့်ပစ်လိုက်တာမလားကျုပ်ဂစ်တာကို"မာန်ဟိုကောင်တွေဆီကပြန်လာတော့လက်စွမ်းပြဖို့လက်စွဲတော်ကိုလိုက်ရှာတော့မတွေ့တာနဲ့မာန်
တဒေါင်ဒေါင်တဒင်ဒင်လုပ်နေတိုင်းလွှင့်ပစ်မယ်ပြောတဲ့အဘဆီပြေးမေးရသေးသည်။"အမလေး......မဟုတ်ပေါင်
မင်းအမေမေးကြည့်""ဘာတွေအော်ကြီးဟစ်ကျယ်ဖြစ်နေတာတုန်း
နင့်ဟာကြီးကိုငါနင့်ကုတင်အောက်ကသေတ္တာထဲသေချာထုတ်သိမ်းပေးထားပါတယ်တော်"
YOU ARE READING
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Romantizmညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့