Unicode
ခါတိုင်းလိုဘဲညိုမင်းမာန်တို့အုပ်စုထန်းတောထဲမှာဘဲသောက်လိုက်စားလိုက်အချိန်ဖြုန်းနေကြသည်။
ကိုကိုဖုန်းလာနေတယ်......ကိုကိုရေဖုန်းလာနေလို့
ဖူး.......
ရန်မျိုးတို့ထွက်လာတဲ့အသံကြောင့်ထန်းရည်ပါသီးသွားရသည်။ကလေးဆန်တယ်ပြောရင်ကြိုက်မှာမဟုတ်ရီလဲရီချင်လှောင်တယ်ဖြစ်မှာစိုးလို့မရီရဲတာနဲ့အခုထိသောက်ကောင်းနေတဲ့သူကိုသတိလှမ်းပေးလိုက်သည်။
"ဟ......ညိုမင်းမာန်မင်းဖုန်းကအသံထွက်နေတယ်"
"ဟမ်......ဪဖုန်းလာတာခဏကိုင်လိုက်အုန်းမယ်"
"အေးအေး....မင်းဖုန်းသံကလဲအဆန်းကြီးကွာ"
ပြောပြီးအနည်းငယ်လောက်ရီမိတော့လက်ခလယ်ထောင်ပြကထထွက်သွားသည်။
ကြည့်မိတော့ မ ဆီကဆက်တာဖြစ်နေ၍ကိုင်ရကောင်းမလားစဉ်းစားနေမိသည်။မကိုင်လဲကိုင်တဲ့အထိခေါ်နေမှာသိတာကြောင့်ကိုင်လိုက်ရသည်။ရွာရောက်ကတည်းကအဆက်အသွယ်မလုပ်ထားတော့ အရစ်ခံရတော့မှန်းကြိုသိနေပါသည်။
"ဟယ်လို.......
မ"
"ကောင်ဆိုးလေး
နေနိုင်လိုက်တာနော်
ဖုန်းတစ်ချက်ချက်ဖော်မရဘူး"
"ဆက်ချင်တာပေါ့မရယ်
အဘတို့အလုပ်တွေကူလုပ်နေတာနဲ့မဆက်ဖြစ်တာပါ"
"တော်ပါ
တို့ကိုတကယ်သတိရရင်မအားတဲ့ကြားကအချိန်ဖဲ့ပြီးမရရအောင်ဆက်ရမှာပေါ့"
ဘာအကြောင်းပြချက်ကိုပေးရမလဲဆိုတာခေါင်းကုတ်ရင်းစဉ်းစားနေမိသည်။
အော်......ဟုတ်ပြီ
"မကဗျာ
မာန်တကယ်ပြောနေတာရွာမှာကမီးလဲမရဘူးလေ
ဆိုလာနဲ့ဘဲအလုပ်လုပ်ရတော့မာန့်ဖုန်းကိုအရေးလုပ်အားသွင်းမနေနိုင်ဘူးမရဲ့"
အိမ်ကမီးစက်ကြီးကတော့မင်းမာန်ကိုမေတ္တာပို့နေလောက်ပါပြီ.....
"ဟုတ်ပါပြီ
တို့ကသာမနေနိုင်လွန်းလို့လှမ်းဆက်ရတာပါ
ကိုယ်တော်ချောကဖြင့်ရွာကအလှပဂေးလေးတွေကြားပျော်ပါးနေမှာပေါ့ဟုတ်ရဲ့လားသူကြီးသားကြီးရဲ့"
ВЫ ЧИТАЕТЕ
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Любовные романыညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့
