Unicode
"အမေ့သားယောက်ျားလိုချင်တယ်"
"မာန်ဇိုးရယ်ခန္ဓာကိုယ်ကြီးကိုအားနာပါအုန်း
ကျုပ်ကိုတစ်မနက်လုံးမှီတွဲပြီးဒါကြီးဘဲပြောနေတာမမောသေးဘူးလား"
"အမေယောက်ျားပေးစားလေနော်"
"ဟိုကဖြင့်နင့်ပြန်ကြိုက်လို့လားတကယ်တည်းတော်"
"အမယ်....အမေကကျုပ်များအထင်သေးလို့
ကြိုက်ပါ့ဗျာမနေ့ကမှအဖြေရတယ်
လုပ်ပါဗျာလိုက်တောင်းပေးလို့"
"နင့်ဟာကအဖြေရတာမှတစ်ရက်ရှိသေးတာကိုလိုက်တောင်းခိုင်းနေပြီ
ကျုပ်နဲ့တော့်အဖေတုန်းကဆို....."
"ဟိုး.....စတော့စတော့"
"ဘာကြီးတုန်း....စတော့က"
"အမေရဲ့ငါတို့တုန်းကဆိုတဲ့ဓာတ်ပြားကြီးသားနားမထောင်ချင်ဘူးအမေတောင်းမပေးလဲနေဗျာအခုတော့အမေပြောတဲ့အမောပြေလေးဆီသွားအုန်းမယ်"
"အမလေး....သွားပါတော်ကျေးဇူးတွေတင်ပါတယ်တစ်မနက်လုံးဘာမှလဲမလုပ်ရသေးဘူး"
အမေ့ပြောသံကဝိုင်းထိကြားရပေမဲ့ဘာမှပြန်မပြောဘဲရွာထိပ်ကကျောင်းဆီကိုဘဲဦးတည်လာခဲ့လိုက်သည်။
ကလေးတွေကြားထဲကလူကြီးပေါက်စလေးကအဖြူအစိမ်းလေးနဲ့ဖျစ်ညစ်ပစ်ချင်စရာ။မင်းမာန်ကိုမြင်တော့မှကစားတာရပ်ပြီးမင်းမာန်ရှိရာကိုအပြေးတပိုင်းရောက်လာသူကိုပုခုံးကနေလှမ်းထိန်းပေးလိုက်သည်။
"ဖြေးဖြေးလာပါချမ်းရာရယ်
မတော်လို့ချော်လဲကုန်မှဖြင့်ဒီမောင်ရင်ကျိုးရချည်ရဲ့"
"ပိုလိုက်တာမင်းကလဲဒီလောက်လေးနဲ့မလဲပါဘူး"
"ဘာမင်းလဲ....ချမ်းရာနော်မောင်လို့ခေါ်"
"ဟို.....မခေါ်တက်ဘူး
တစ်မျိုးကြီးဘဲ"
"ဘာကိုတစ်မျိုးကြီးလဲ
မောင်တို့ကချစ်သူတွေတောင်ဖြစ်နေပြီကို
မဟုတ်ဘူးလား"
"အင်း....."
"အဲ့တာဆိုခေါ်ကြည့်"
"နောက်မှ...."
"နောက်မှမရပါဘူးအခု"
"မရဘူးနောက်မှ"
"ချမ်းရာနော်....."
YOU ARE READING
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Romanceညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့
