Unicode
1949 ခုနစ်၊ ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ။
ဓာတ်ပြားချပ်လေးက ဖြည်းဖြည်းချင်း လည်လျက်.. အချစ်သံစဉ် ချိုချိုလေးဟာ အဝါဖျော့ရောင် နှစ်ထပ်အိမ်လေးအတွင်း ခပ်တိုးတိုး ပျံ့နှံ့နေသည်..။
သိပ်မကြာခင်အချိန်ကမှ သည်းထန်စွာ ရွာသွန်းထားတဲ့ မိုးစက်တွေကြောင့် ဆင်ဝင်တံစမြိတ်မှ မိုးစက်တွေဟာ တစ်စက်ခြင်းကျဆင်းလျက်..။ စာရေးစားပွဲထပ် လက်ရေးမူစာလွှာတွေဟာ ဟိုတစ ဒီတစ ပြန့်ကျဲနေသည်..။ အမဲရောင် ဖောင်တိန်လေးအား စားပွဲထပ် တစ်ဒေါက်ဒေါက်ခေါက်ရင်း အတွေးများနေချိန်.."ထယ်"
နူးနူးညံ့ညံ့ခေါ်သံငယ်ဟာ လေလှိုင်းထဲပျံ့လွင့်လာသည်..။
ခေါ်သံကြောင့် ထယ်ရယ်မော့ကြည့်မိလိုက်တော့ အပြုံးလှလှလေးတွေနဲ့ ဆရာဝန်လေးဟာ ထယ်ရယ်ကို အနူးညံ့ဆုံး မျက်ဝန်းတွေနဲ့ ဆီးကြိုနေသည်..။"ကော်ဖီလေးသောက်လိုက်ပါအုန်း.. စာမူကြမ်းတွေကပြီးတော့မယ်မလား.. ခနဖြစ်ဖြစ်အနားယူလိုက်ပါအုန်း စာရေးဆရာလေးရဲ့"
ခပ်နောက်နောက်ခေါ်ဆိုမှုလေးမှာ ထယ်ရယ့်နှုတ်ခမ်းပါးတစ်စုံဟာကွေးညွှတ်တတ်သွားပြီး.. ပါးပေါ်က အချိုင့်လေးတွေဟာ သိသိသာသာ ပေါ်ထွက်လာသည်..။ စားပွဲပေါ်က ကော်ဖီခွက်လေးအား ထယ်ရယ်ယူပြီး တစ်ငုံသောက်လျက်.. ရှေ့က ငွေရောင်ဆံနွယ် ပိုင်ရှင်လေးအား လက်မလေးထောင်ပြမိသည်..။
"ရှန်.. ဖျော်တိုက်တဲ့ကော်ဖီကလွဲရင် တခြားတွေသဘောမကျဘူးသိရဲ့လား" စာရေးဆရာပီပီ စကားလေးတွေ ကွန့်ညွတ်ပြောလိုက်လေတော့ ရစ်ခီက ခပ်ဟဟလေး ရယ်လေသည်..။
"ကိုယ့်စာရေးဆရာလေးက သိပ်စကားတတ်တာပဲ" ဆိုရင်း နဖူးထပ် အနမ်းနွေးနွေးလေးတစ်စုံဟာ ရောက်ရှိလာသည်..။အေးစိမ့်စိမ့်ရာသီဥတုတွေကြား အဝါရောင် အိမ်လေးအတွင်း ချစ်ခြင်းမေတ္တာတွေဟာ နွေးနွေးထွေးထွေး.. ဓာတ်ပြားလေးဟာ ဆက်လက်လည်ရင်း သံစဉ်လှလှလေးတွေဟာ ချစ်ခြင်းတို့အား ပံ့ပိုးပေးနေသယောင်..
ဧည့်ခန်း နံရံထပ် နေရာယူထားတဲ့ ရွှေရောင်အနားသတ် ဓာတ်ပုံဘောင်လေးအတွင်း အဖြူရောင် ဆင်တူ suit လေးတွေ ဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အတောက်ပဆုံးပြုံးရယ်လျက်..။ ငွေမျှင်ရောင်ဆံနွယ်ပိုင်ရှင် အမျိုးသားလေးရဲ့လက်တစ်စုံကို ပါးချိုင့်လေးတွေထင်းနေတဲ့ ကောင်လေးရဲ့ လက်တစ်စုံဟာ ပိုင်နိုင်စွာ ချိတ်တွယ်ထားလေသည်..။
YOU ARE READING
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..