• 𝘶𝘯𝘪𝘤𝘰𝘥𝘦 •
အေဒီ (၁၂)ရာစု၊ အေဒီယန်ပြည်နယ်၊ အင်္ဂလန်နိုင်ငံ၊ ဆောင်းရာသီကာလအပိုင်းအခြားငယ်။
"အဝါရောင်ကျူးလစ်တွေရနိုင်မလားဗျ?"
အဖြူရောင်ပန်းဆိုင်လေးအတွင်းက အဖြူရောင်ဆွယ်တာလှလှလေးအား ဝတ်ဆင်ထားတဲ့ ကောင်လေးဟာ ကျန်းဟောက့်အား မြင်ဟန်မတူ။ ပန်းပင်လေးတွေကိုသာ ဂရုတစိုက် ရေဖျန်းနေလျက်... ထပ်မံ၍ ကျန်းဟောက့်ဟာ အသံပြုလိုက်ပါသည်။
"ကောင်လေး.. အဝါရောင် ကျူးလစ်လေးတွေရမလားမသိ"
ထိုအခါမှသာ သူ့ရှေ့ကကောင်လေးဟာ ကပျာကယာလေး လုပ်လက်စလေးအား လက်စသတ်လိုက်ပြီး
"ဟုတ်ကဲ့ ရပါတယ်ဗျ" ဟုဆိုကာ ကျူးလစ်အဝါလေးရှိရာလျှောက်လှမ်းသွားလေသည်။
"ဟိုလေ လူကြီးမင်း ဘယ်နှပွင့်လောက်ယူမှာလဲမသိ"
"ဆယ်ပွင့်လောက်ရနိုင်မလား ကောင်လေး"
"ဟုတ်ကဲ့ ရပါတယ်ဗျ"ပန်းစည်းလေးအား ရှည်သွယ်သွယ်လက်ချောင်းလေးတွေနဲ့ ထုပ်ပိုးနေဟန်လေးက ကျန်းဟောက်ရင်တွင်းတစ်နေရာဟာ တစ်မျိုးတစ်ဖုံလေး။ မျက်ဝန်းလှလှလေးအောက်တွင် နေရာယူထားသည့် သူနဲ့တူညီလေတဲ့ မှဲ့လေးဟာ အထင်းသား။ ငေးနေသည်တွေးရသည်မှာ အချိန်တစ်ခုကြာမြင့်သွားပုံပေါ်လေရဲ့..
"လူကြီးမင်း ပန်းစည်းလေး ရပါပြီဗျ" ဆိုတဲ့ အသံချိုချိုလေး ကြားမှ အသိတို့ပြန်ကပ်မိသည့်အထိပါပင်။ အို.. ပါးချိုင့်တွေ ကျန်းဟောက့်ကို ပန်းစည်းကမ်းပေးလိုက်ပြီး ပြုံးပြလာသည့်အခါ ပေါ်လာလေတဲ့ ပါးနုနုထပ်က အချိုင့်လေးနှစ်ခု။
ကမ်းပေးလာသည့် ပန်းစည်းအဝါလေးအား ကျန်းဟောက်ယူလိုက်ပြီး.."တစ်စိတ် စိတ်မရှိဘူးဆိုရင် နာမည်လေးသိခွင့်ရမလား ကောင်လေး?"
ကျန်းဟောက်အမေးကို အဖြူရောင်ကောင်လေးဟာ ပါးချိုင့်လေးတွေ ခွက်ဝင်အောင်အထိ ပြုံးပြရင်း...
"အဲလက်ထယ်.. အဲလက်ထယ်ရယ်ပါ"
ကျန်းဟောက် အနည်းငယ် ပြုံးလိုက်ကာ
"ကိုယ့်နာမည် ကျန်းဟောက်ပါ.. ရင်းနှီးလို့ရမလား ထယ်"
အရဲကိုးကာ ကျန်းဟောက်ပြောမိတော့ အဖြူရောင်အလှလေးဟာ ခေါင်းလေး အသာအယာငြိမ့်ပါလေတော့သည်။အပြင်ဘက်တွင်တော့ ဆောင်းလေပြေဝေ့ဝဲနေ၍ အအေးရှိန်တို့ဖြင့် အေးစက်စွာ။ သို့ပင်သိ ဆိုင်လေးအတွင်း အနွေးဓာတ်တည် ပါးချိုင့်လေးကြောင့် ကျန်းဟောက် ဝဲဘက် ရင်အုံလေးဟာ နွေးထွေးခဲ့လေရဲ့...
YOU ARE READING
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..