အပိုင်း - ကိုး

34 6 1
                                    

_𝗎𝗇𝗂𝖼𝗈𝖽𝖾

ညနေစောင်းအချိန်၊ ညဦးလေပြေဟာ ခပ်သာသာ ဝေ့ဝဲလျက်။
အဖြူရောင် တိုက်ပုလေးရဲ့ ခြံရှေ့တွင် စက်ဘီးရပ်သံကို အတိုင်းသား ကျန်းဟောက်ကြားနေရသည်။ အပတ်တိုင်း ထိုမြင်ကွင်းအား မြင်တွေ့ရသည်မှာ လေးပတ်တိုင်တိုင်ရှိပင်ဖြစ်ပင်မဲ့ ကျန်းဟောက် အသားမကျစွာ၊ နေသားမကျစွာ။

ရှန်ဟိုင်းရောက်စအချိန်တွေကထပ်ပင်ကြည်လင်လာတဲ့ အပြုံးတွေ ကျန်းဟောက့်မြင်ရလေတိုင်း ဘယ်ဘက်ရင်အုံဟာ အောင့်ခနဲ။ တယောထိုးတာ သင်ပေးခိုင်းစဉ်ကထပ် ပိုပြီး အသက်ဝင်နေတဲ့အပြုံးတွေဟာ လွန်ခဲ့တဲ့ အပတ်ကစသည်။

မထိတာကြာနေပြီဖြစ်တဲ့ ကျွန်းညိုရောင် ဂစ်တာလေးကို ထယ်ရယ် သန့်ရှင်းရေးလုပ်ပြီး လက်သွယ်သွယ်လေးက ဂစ်တာကြိုးတွေကိုပြန်လည်ထိတွေ့နေသည်မို့ ဧည့်ခန်းအတွင်း ဂစ်တာသံစဉ်လေးဟာ ခပ်ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာသည်။ ကျန်းဟောက် ဘေးကထယ်ရယ်လုပ်သမျှ မလွတ်စတမ်း လိုက်ကြည့်နေမိပြီူ မနေနိုင်စွာမေးခွန်းထုတ်မိသည်။

"ထယ်ရယ်၊ ဂစ်တာပြန်တီးလို့ပါလား ဘာများလုပ်ဖို့လဲ??"
"အာ... အဲ့တာလေ ရှန်က ဂစ်တာတီးပြဖို့ ပူဆာထားလို့လေ"
ဟု ပန်းနုရောင်လွှမ်းနေတဲ့ မျက်နှာနုနုလေးဖြင့် ထယ်ရယ်ဟာ ခပ်သာသာလေး ပြုံးရင်း ဖြေလာသည်။

"အော်..."
ကျန်းဟောက်ထိုစကားတစ်ခွန်းထွက်လာဖို့ပင်အနိုင်နိုင်။ ကိုယ့်နှလုံးသားကို ဓားစိုက်မဲ့ အမေးတွေ ခနခနမေးနေမိသလဲ ကိုယ့်ဟာကိုပင်နားမလည်နိုင်ပါချေ။ ထယ်ရယ်နဲ့ ချွမ်ရွေ့စပြီးတွဲစထဲက ကျန်းဟောက့်ဟာ သိခွင့်ရခဲ့သည် အရင်ဘဝ၊ အတိတ်တစ်ခုမှာပေါ့....

.

ဧည့်ခန်းထဲမှာထိုင်ကာ အတွေးလွန်နေပုံရတဲ့ကျန်းဟောက်ဟာ ထယ်ရယ်ဝင်လာသည်ကိုသတိမထားမိပါချေ။

"ကျန်းဟောက်"
"..."
ထယ်ရယ် ခေါ်နေပင်မဲ့ ကျန်းဟောက်ဟာ တကယ်ကို သတိကပ်မနေသည့်အလားပေမို့ ကျန်းဟောက့်အနားသွားလိုက်ပြီး လက်ညိုးလေးဖြင့် ပခုံးအား ထိတွေ့မိသည်။ ရုတ်တရက်သူ့အားကြည့်လာသည့် ကျန်းဟောက့်မျက်ဝန်းက မျက်ရည်ကြည်တွေ....

#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]Where stories live. Discover now