[Unicode]
1943 ဆောင်းဦးကာလ၊ ချွမ်နမ်မြို့၊ ကိုရီးယားနိုင်ငံ။
မှုန်ဝါးဝါး အခိုးအငွေ့တွေ.. များစွာသောလူတွေဟာ ဟိုဟိုဒီဒီပြေးလွှားနေဟန်... တိုင်ကပ်နာရီစင်က 'ဒင်' ဆိုတဲ့အသံနဲ့ အတူ ထယ်ရယ် လန့်နိုးလာလေသည်..။ ဒီလို ဝေဝါးဝါး အိပ်မက်တွေဟာ လွန်ခဲ့တဲ့သုံးနှစ်ထဲက ထယ်ရယ့်ဦးနှောက်ထဲ နေရာယူခဲ့တာတွေ... ဘေးက မီးအိမ်ငယ်အားဖွင့်လိုက်ပြီး ကျွန်းညိုရောင်စားပွဲအသေးလေးရဲ့ အံဆွဲလေးကို ထယ်ရယ်ဖွင့်လိုက်ပြီး အညိုရောင် ဒိုင်ယာရီစာအုပ်လေး အား ထုတ်လိုက်လေသည်..။
ဒိုင်ယာရီထပ် နေရာယူထားတဲ့ လက်ရေးလေးတွေ
ပြီးတော့.. အိပ်မက်အပိုင်းအစတွေဟာ ခပ်များများရှိချေပြီ..
ထယ်ရယ်ထိုအပိုင်းအစလေးတွေကို တစ်ကျော့ပြန်ဖတ်ရင်း ဒီနေ့လည်း ညတွေနက်အုန်းမယ်ထင်ပါရဲ့....
အေဒီ (၁၂) ရာစု၊ နွေဦးကာလ၊ အေဒီယန်ပြည်နယ်၊ အင်္ဂလန်နိုင်ငံ။
နွေဦးကာလမို့ လိမ္မော်ရောင်မေဘယ်ရွက်လေးတွေဟာ အေဒီယန်လမ်းမထပ်.. နေရာယူလျက်..
နွေဦးရနံ့သင်းသင်းလေးဟာ ပျံ့နှံ့လျက်..
ခြေတံရှည်တစ်စုံရဲ့ သေသပ်တဲ့ လျှောက်လမ်းတွေဟာ အေဒီယန်လမ်းမကြီးထပ် အချိုးကျစွာပါပဲ...
အဖြူရောင် ရှပ်အင်္ကျီဘောင်းဘီအဖြူရောင် တို့ဟာ ထိုလူနဲ့ ပနံသင့်စွာ.. အညိုရောင်ဦးထုပ်အောက်က တစ်စွန်းတစ ထွက်ပေါ်နဲ့ ငွေဖြူရောင်ဆံနွယ်တွေ...
အကာအကွယ်အာက်က မျက်နှာလှလှကို မည်သူမျှ မတွေ့နိုင်ပင်မဲ့ အေဒီယန်လူမျိုးစုတွေလည်ပြန်ငေးရလောက်တဲ့ အထိ ဆွဲဆောင်နိုင်တဲ့ မျက်ဝန်းလှလှတွေဟာ ထိုသူ့ထံမှာရှိလေသည်လေ..။
နွေဦးရဲ့ နေရောင်ခြည်အောက် ရစ်ခီ့ရဲ့ သေသပ်မှု၊ ခမ်းနားမှုတွေက အရှိန်အဝါတစ်ခုအလား..တစ်နေရာ အရောက် တုံ့ခနဲရပ်တန့်သွားတဲ့ ရစ်ခီ့ရဲ့ ခြေလှမ်းတစ်ချက်..
အဖြူရောင် ပန်းဆိုင်လေးဟာရစ်ခီ့စိတ်အလုံးစုံအား ဆွဲဆောင်သွားခဲ့ပါသည်။ မှန်အကြည်မှ ထိုးဖောက်မြင်နေရတဲ့ ကောင်တာမှ အဝါဖျော့ရောင်လေးရဲ့ ပါးချိုင့်တွေဟာ ရစ်ခီ့ရဲ့ ဝဲဘက်ရင်အုံလေးအတွင်း လိပ်ပြာလှလှလေးတွေ ထောင်ချီ ပျံသန်းသွားသယောင်... ရစ်ခီစိတ်၏စေညွှန်ရာအတိုင်း တံခါးလက်ကိုင်ဖုလေးအား လှည့်ဖွင့်ရင်း ဆိုင်လေးအတွင်းသို့ ဝင်မိသည်..။
ပန်းရနံ့မွှေးမွှေးလေးတွေနဲ့ "ကြိုဆိုပါတယ် ခင်ဗျ" ဆိုတဲ့ အသံချိုချိုလေးဟာ ပျံ့နှံလာသည်..။ စိတ်ကြည်လင်ခြင်း အငွေ့အသက်တွေဟာ ပန်းဆိုင်အတွင်းမှ ပါးနှစ်ဖက်မှာတည်တဲ့ အချိုင့်လေးတွေကြောင့်လား သို့တည်းမဟုတ် သင်းပျံ့နေတဲ့ ပန်းရနံ့တွေကြောင့်လားဆိုတာ ရစ်ခီကိုယ်တိုင်သာ သိပါလိမ့်မည်။
YOU ARE READING
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..