𝓾𝓷𝓲𝓬𝓸𝓭𝓮
1944 ခုနစ်၊ ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ။
တစ်ခုတည်းမိုးရာသီရက်တစ်ရက်။လူသစ်ရောက်မည်ဟု အိမ်ပိုင်ရှင်က ပြောထားသည်ကြောင့် ကျန်းဟောက့် အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။ ကိုရီးယား အမျိုးသားလေးတစ်ဦးဟု သိထားသည်ကြောင့် သူနဲ့အဆင်ပြေပါ့မလား စိတ်ပူမိသည်လည်းပါလေသည်။ အတွေးများနေသည့် စိတ်အား ထိန်းချုပ်ရန်အတွက် ကျန်းဟောက့် အခန်းထောင့်မှ တယောညိုလေးအားယူလာကာ အချစ်တေးသွားတစ်ပုဒ်ကို အနူးညံ့ဆုံး ပုံဖော်မိသည်။ ဒီအရာအတွက် ကျန်းဟောက် စွန့်လွှတ်ခဲ့သည်တွေဟာ အများသားမလား?? ဒီအလုပ်၊ တယောသံစဉ်တွေက သူ့ဘဝကဲ့သို့ပင်... စီးပွါးရေး လုပ်စေချင်သည့် ဒယ်ဒီတို့ကား ဆန့်ကျင်ကာ ရွှေဘုံစံမင်းသားလေးက ဒီလိုနေရာမှာရောက်နေသည်လေ။
.
ကျန်းဟောက့်မျက်ဝန်းလွှာတို့အား မှိတ်ချရင်း အတွေးယာဉ်ကြောနဲ့အတူ၊ တယောသံစဉ်တွေဟာ ခပ်ငြိမ့်ငြိမ့် အခန်းတွင်းပျံ့နှံ့နေချိန်၊ အသာအယာပွင့်သွားတဲ့ အိမ်တံခါးနဲ့အတူ ဝင်လာတဲ့ခဲပြာရောင် ဆွယ်တာလေးနဲ့ အမျိုးသားငယ်တစ်ဦး..။
အချိန်တစ်ခုအကြာ ထယ်ရယ်ဟာ တယောသံတွေရဲ့ ဖန်တီးရှင်အား ငေးစိုက်ကြည့်မိသည်။ သူနှစ်သက်တဲ့ သံစဉ်တွေ၊ စွန့်လွှတ်ခဲ့ရတာကြောင့် နောင်တမရပင်မဲ့ စိတ်ထဲတွင် ဆို့နင့်လာသည်။ ဒီလို အနုပညာနဲ့ပက်သက်တဲ့ တူရိယာတစ်ခုကို သူဘယ်အချိန်မှ ပြန်လဘ် ထိတွေ့ခွင့်ရမလဲ မသိချေ။ မျက်ဝန်းမှ အရည်ကြည်တို့ဟာ မျက်ဝန်းထောင့်စွန်းမှ မှဲ့နက်လေးအား ဖြတ်စီးကျသွားသည်။
ကျန်းဟောက့် သံစဉ်တို့အား အဆုံးသတ်ပြီးချိန်တွင် မျက်ဝန်းတို့ ဖွင့်ကြည့်လိုက်သည့်အခါ၊ ခဲပြာရောင် ဆွယ်တာလေးနဲ့ သူ့အား စိုက်ကြည့်နေတဲ့ မျက်ဝန်းတို့ကြောင့် အနေရအနည်းငယ်တော့ ခက်သွားမိသည်။ ရုတ်တရက် အရှေ့ကလူရဲ့ မျက်ဝန်းလှလှလေးမှ စီးကျလာတဲ့ မျက်ရည်စတွေကြောင့် ကျန်းဟောက် ရင်ထဲ အနည်းငယ် တင်းကြပ်သွားမိသည်။ ခေါင်းတစ်ချက် ရမ်းလိုက်မိပြီး...
"ဟို.. အိမ်ငှါးအသစ်လား?"
ကျန်းဟောက် စကားအစပြုရင်း တယောအားနေရာတကျ ပြန်ထားလိုက်သည်။
"ဟုတ်.."
ခပ်ပြတ်ပြတ် ထွက်လာတဲ့ တရုတ်စကားသံဝဲဝဲလေးကြောင့် ကျန်းဟောက်ပြုံးမိသွားသည့်အထိ။ နောက်ကျောခိုင်းထားရာမှ ကျန်းဟောက် အနှီလူသားလေးရှေ့သို့သွားရပ်လိုက်ပြီး နှုတ်ဆက်စကားဆိုမိသည်။
STAI LEGGENDO
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..