- ᴜɴɪᴄᴏᴅᴇ -
1945ခုနစ်၊ ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ။
ခြံအဝင်အဝမှာ ရပ်ထားတဲ့ အဖြူရောင် စက်ဘီးလေးက ထယ်ရယ့် အိပ်မက်ထဲ တစ်စွန်းစပါလာလေတဲ့ ပုံရိပ်လွှာတွေ။
"ထယ်..."
"ဟင်.. ပြောလေ ရစ်ခီ"
"စက်ဘီးနဲ့ဆို သွားလို့ အဆင်ပြေရဲ့လား?"
ချွမ်ရွေ့အမေးကြောင့် ထယ်ရယ်ခပ်ဖွဖွလေးပြုံးမိသည်။ ဆောင်းနေရောင်ခြည်အောက် ပါးချိုင့်လေး ခွက်ဝင်သွားတဲ့အထိ ထယ်ရယ့်အပြုံးလေးကို ချွမ်ရွေ့ငေးမိသည်။ ရုတ်တရက်ဆန်ဆန်ပါပဲ နှလုံးသားရဲ့ ခိုင်းစေချက်အတိုင်း ချွမ်ရွေ့ ပြုမူမိသည်။ လက်ညိုးလေးနဲ့ ထိုပါးချိုင့်ခွက်လေးထဲကို အသာအယာ ထိတွေ့မိသည်။ အိစက်စက်မိုချီလုံးလေးအား ထိတွေ့လိုက်ရသည့်နှယ် ထိုအချိုင့်လေး ထဲလက်ညိုးလေး အိကျသွားသည့်အခါ ချွမ်ရွေ့ရင်ခုန်ခြင်းဆတွေဟာ မြင့်တက်လာလျက်။ရုတ်တရက် နူးညံ့စွာ ပါးချိုင့်ထဲလာရောက်ထိတွေ့တဲ့ ချွမ်ရွေ့လက်ညိုးကြောင့် ထယ်ရယ် မျက်ဝန်းလေးတွေ ဝိုင်းစက်သွားပြီး ချွမ်ရွေ့ဆီ အကြည့်တို့ ပို့မိသည်။
"လှလို့၊ သိပ်လှတာပဲ ဒီအရာလေးတွေက..."
ချွမ်ရွေ့ဟာ ဖြေရှင်းချက်တို့ ပေးရင်း တစ်ချက်ပြုံးကာ လက်ညိုးလေးအား ပြန်ရုတ်ဖယ်လိုက်သည်။"ရစ်ခီ.. အဲ့စကားကို အရင်အတိတ်ကလည်း ပြောခဲ့ဖူးတယ်"
.
အေဒီ (၁၂) ရာစု၊ အင်္ဂလိပ် ဘုရင်ခံစနစ် အုပ်စိုးစဉ်ကာလ အပိုင်းအခြားငယ်။
နွေဦးကာလ ကုန်ဆုံးပြီဖြစ်သော်ငြား အေဒီယန်လမ်းမထပ် လိမ္မော်ရောင် မေဘယ်ရွက်လေးတွေဟာ ဟိုဒီ တစတစ မြင်တွေ့ရပါသေးရဲ့... အဖြူရောင်ပန်းဆိုင်လေးရဲ့ မလှမ်းမကမ်းရှိ နာရီစင်ဟာ 11နာရီထိုးပြီ ဖြစ်ကြာင်း အချက်ပြလျက်။ အဖြူရောင်ဆိုင်လေးအတွင်း ပျံ့နှံ့နေတဲ့ ပန်းပေါင်းစုံရဲ့ ရနံ့ငယ်တို့ဟာ သင်းပျံ့စွာပါပဲ။
ကြယ်ပန်းလေးတွေကို စနစ်တကျ ထုပ်ထိုးရင်း ထယ်ရယ့်ရဲ့ ပါးချိုင့်လေးတွေဟာ တစ်ချက်တစ်ချက် ထွက်ပေါ်လာလျက်။ အကြောင်းမှာ ဆယ့်တစ်နာရီ၊ ဆယ့်တစ်မိနစ်တွင်ရောက်လာမဲ့သူကြောင့်ဆိုတာ အတိအကျပါပင်။ ထယ်ရယ့် ရင်အစုံဟာ ခပ်လှုပ်လှုပ်ရှားရှားလေး။ ရင်ခုန်နေတာ နွေဦးရဲ့ နေ့တစ်နေ့မှာ ဟိုလူဟာ ဒေစီတွေနဲ့အတူ ထယ်ရယ့်ရဲ့ ပထမဆုံး ရင်ခုန်ခြင်းကို ယူဆောင်သွားလေပြီဖြစ်သည်။ နေ့စဉ်မပျက် ထယ်ရယ့်ဆီကိုရောက်လာတတ်ကာ.. မထင်မှတ်ထားတဲ့ အပြုအမူတွေကိုလည်း ပြုလုပ်တတ်ပါသေးရဲ့.. ဥပမာပေးရရင်တော့ဖြင့်....
YOU ARE READING
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..