• 𝘂𝗻𝗶𝗰𝗼𝗱𝗲 •
1944 မိုးဦးကာလ၊ ချွမ်နမ်မြို့၊ ကိုရီးယားနိုင်ငံ။
ထယ်ရယ်ဆုံးဖြတ်ချက်အား သေချာစွာချပြီးသည်မို့ ရှန်ဟိုင်းသို့သွားရန် ဆန္ဒတို့ စောနေပြီဖြစ်သည်။ မိဘတွေဟာ ခွင့်ပြုပါ့မလား မသေချာသော်လည်း၊ ထယ်ရယ် ထိုအရာကို စိတ်ဆောင်နေပါလျှင် ဘယ်သူမှ တားဆီးမရသည်မှာ ရာနှုန်းပြည့်ကျော်စွာ..
ထယ်ရယ်တို့ မိသားစု ညစာ ထမင်းစားဝိုင်းဟာ အပ်ကျသံပင်မကြားရချေ။ တိတ်ဆိတ်စွာ.. ထယ်ရယ် မားနဲ့ပါးကို အနည်းငယ် အကဲခတ်လိုက်ပြီး စကားစလိုက်မိပါရဲ့...
"ပါး၊မား ထယ်ရယ်ပြောစရာရှိလို့"
ပါးဟာ သူ့အား အကြည့်တစ်ချက်ပို့ကာ စားလက်စ ညစာအား ပြန်၍အာရုံစိုက်လျက်။
"ဘာပြောချင်လို့လဲ မားတို့ ထယ်ရယ်လေးက.."
"ထယ်ရယ် ရှန်ဟိုင်းကို ပညာတော်သင်သွားချင်တယ်"
ရုတ်တရက် ဆိုလိုက်တဲ့ ထယ်ရယ့်စကားကြောင့် မားမျက်နှာဟာ သိသိသာသာပင်.. ပါးကလည်းစားလက်စတူအား ချကာ ထယ်ရယ့်ထံ အကြည့်တစ်ချက်ပို့ကာ အေးစက်စက်ဆိုလေသည်။
"မဟုတ်မှလွဲ.. မင်းအဲ့ကိစ္စကြောင့်တော့ မဟုတ်ဘူးမလား?"
ပါးစကားအဆုံးထယ်ရယ် မျက်လွှာချလိုက်မိပါရဲ့..."ထယ်ရယ့်ကို တစ်ခါလောက်ပဲ ခွင့်ပြုပေးပါ ပါး"
မျက်ရည်စတို့ဟာ မျက်ဝန်းထပ်နေရာယူနေလေပြီ။ မားဟာ ကောင်းသည်၊ ဆိုးသည် မဝေဖန်သလို စကားဝိုင်းထဲ ဝင်ပါခြင်းလည်းမပြုချေ။
"မင်းကို ငါခွင့်ပြုပေးလိုက်ရင်တော့ ဘာအကျိုးအမြတ်ရှိမှာလဲ??"
ရုတ်တရက်ထွက်ပေါ်လာသည့် အပေးအယူစကားကြောင့် ထယ်ရယ် ပါးအားတစ်ချက်ကြည့်မိပါရဲ့... စီးပွါးရေး လုပ်ငန်းရှင်ဖြစ်သည့်အလျှောက် ပါးဟာ အပေးအယူဆိုသည့်စကားကို သဘောတွေ့သူပင်။"အခုတက်နေတဲ့ ဂီတမေဂျာကထွက်ပြီး မင်းရှန်ဟိုင်းမှာ စီးပွါးရေး ပညာသင်ရမယ်ဆိုရင်ရော"
ထပ်၍ထွက်ပေါ်လာသောစကားတို့ဟာ ကြီးမားတဲ့အပေးအယူပင်။ ထယ်ရယ့်ဝါသနာအား အပြီးတိုင်စွန့်လွှတ်မလား?? ထယ်ရယ့်ရဲ့ အိပ်မက်ထဲက ထိုသူအား စွန့်လွှတ်မလား??ဟူ၍ပင်။ ဘေးကျပ် နံကျပ်အခြေအနေ... အတွေးများကာ ငေးနေမိတဲ့ထယ်ရယ့်ကို ပါးက သတိပေးစကားဆိုလေသည်။
YOU ARE READING
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..