[𝘶𝘯𝘪𝘤𝘰𝘥𝘦]
1945 ခုနစ်၊ ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ။
"ထယ်ရယ်"
ခပ်ဖွဖွခေါ်သံနဲ့အတူ ကျန်းဟောက် အခန်းတွင်းသို့ ဖြေးဖြေးချင်းဝင်လာသည်။ ကုတင်ထပ် မျက်နှာရဲရဲလေးနဲ့ အိပ်ပျော်နေတဲ့ထယ်ရယ်နားကို ကျန်းဟောက် သွားလိုက်ပြီး နဖူးလေးကို လက်ဖဝါးလေးနဲ့ အသာထိမိလေသည်။မနေ့က ညနေထဲကဖျားနေတဲ့ ထယ်ရယ်ဟာ တတိယမြောက်မနက်ခင်းအထိ ကိုယ်ပူတို့မကျသေး။ ထယ်ရယ်ဟာအဲ့လို ဖျားခဲပါတယ်.. ထယ်ရယ်ရှန်ဟိုင်းသို့ရောက်စဉ်ထဲက ကျန်းဟောက်နဲ့ အခန်းဖော်အနေနဲ့ အတူရှိခဲ့တာပင်။
"ဟူး" ခပ်ဖွဖွလေး ကျန်းဟောက်သက်ပြင်းချရင်း
"ထယ်.. ထယ်ရယ်"
လေသံတိုးတိုးလေးနဲ့ ထယ်ရယ့်ပခုံးစွန်းလေးအား အသာလေးလှုပ်ပြီး နိုးမိသည်။ ဖွင့်ကြည့်လာတဲ့ မျက်လုံးရဲရဲလေးတွေဟာ အပူရှိန်ကြောင့် ဖြစ်ပါလိမ့်မည်။"ထယ်ရယ်.. ဆေးခန်းသွားကြမယ်"
"အာ, ကျန်းဟောက်ကလည်း သက်သာသွားမှာပါ
မသွားချင်ဘူး နော်လို့"မနေ့က စဖျားထဲက အဲ့စကားပဲပြောခဲ့တာပါပဲ
တော်ရုံဖျားခဲပြီး ဖျားတိုင်း ဆေးသောက်လိုက်တာနဲ့ပျောက်သွားတတ်ပင်မဲ့၊ ဒီတစ်ခေါက် ရှန်ဟိုင်းရဲ့ ဆောင်းရာသီကို ထယ်ရယ် သိပ်မခံနိုင်တဲ့အနေအထားပင်။"မရဘူး ထယ်ရယ် မင်းခု ကိုယ်တွေတအားပူနေတာ
အရင်လို ဆေးသောက်ရုံနဲ့ မသက်သာဘူး.. ထ, ဒီနားမှာ ကိုယ့်ရဲ့ ညီဆေးခန်းရှိတယ် သွားရအောင်""ကျန်းဟောက် ညီ?"
"အင်းလေ၊ ထယ်ရယ်ကို ကိုယ် တခါပြောဖူးတယ်လေ"
ထိုမှသာ ထယ်ရယ် သတိရသွားဟန်လေးဖြင့် "အာ" ဆိုပြီး အာမေဋိတ်အသံလေးဖြင့်...
"လာသွားမယ်"ထယ်ရယ်လည်း ငြင်းမနေတော့ပါချေ။ အစစအရာရာ အမြဲကူညီနေတတ်တဲ့ ကျန်းဟောက်ကို ထယ်ရယ် အမြဲကျေးဇူးတင်ရမှာပါပဲ..။ ကျန်းဟောက်ရဲ့စေတနာကို ထယ်ရယ် ငြင်းမနေတော့ဘဲ
"ဟုတ်ကဲ့ ဟျောင်း" ဆိုပြီး လက်ခံလိုက်တဲ့အခါ ဝဲဘက်နှလုံးအိမ်ထဲက ခံစားချက်တစ်ချို့။ တစ်စုံတစ်ယောက်အား ပြင်းပြင်းထန်ထန်တွေ့ချင်စိတ်၊ မကြာခင်တွေ့ရတော့မည်မို့ စိတ်လှုပ်ရှာရနေတဲ့ ရင်ခုန်မှုလှိုင်းတချို့ကို ထယ်ရယ် ထူးထူးဆန်းဆန်းခံစားလိုက်မိပါရဲ့..
VOUS LISEZ
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanfictionနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..