အပိုင်း - တစ်ဆယ်

60 8 0
                                    

_𝗎𝗇𝗂𝖼𝗈𝖽𝖾

1945 ခုနစ်၊ ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ။

အချိန်ဟာ သိပ်အကုန် မြန်လေသည်။ သုံးလဆိုသည့် အချိန်အား ဒီရေ လှိုင်းတို့ တိုက်စားသွားသကဲ့သို့ပင်...

များစွာသော အပြောင်းအလဲသိပ်မရှိလေပင်မဲ့ ချွမ်ရွေ့ဟာ အတိတ်ကအကြောင်းအရာ အတော်အများအား သတိရ မှတ်မိနေပြီ ဖြစ်လေသည်။

ထယ်ရယ်, ယနေ့တွင်မူတော့ ချွမ်ရွေ့ဆေးခန်း အဖြူလေးသို့ ရောက်ရှိနေခြင်းပင်... အပြင်ဘက်တွင်တော့ မိုးစက် မိုးဖွားလေးများ အနည်းငယ် ကျဆင်း​နေကာ မိုးသက်လေ ခပ်အေးအေးများတိုက်ခတ်နေသည်။

လူနာရှင်းချိန်ဖြစ်ကာ၊ ဆန့လည်စာ စားချိန်ဖြစ်တာကြောင့် ထယ်ရယ်၊ ချွမ်ရွေ့ဆီသို့ ထမင်းချိုင့်လေး လာပို့ခြင်း။

"ထယ်လေး.. မတွေ့တာကြာပြီနော်"
အပြုံးချိုသည့် ချွမ်ရွေ့ရဲ့ ဆေးခန်းရှိ သူနာပြု အမက နှုတ်ဆက်လေတာကြောင့် ထယ်ရယ်လည်း ပါးချိုင့်လေးတွေ ထင်းလာသည့်အထိ၊ မျက်လုံးလေးတွေ မှိတ်ကျသည့်အထိ ပြုံးပြလိုက်သည်။ ထိုအချိန်မှာပဲ ချွမ်ရွေ့က ထယ်ရယ့်ဘေးနားသို့ ရောက်လာလေသည်။

"ထယ်ရောက်နေတာလား? အမနှုတ်ဆက်နေတာကြားလို့"
ထယ်ရယ့် ပခုံးလေးအား ဖက်ကာ ပြောလာသူ။
"ရှန့်ကို ထမင်းချိုင့်လာပို့တာ"
အပြုံးလေးနဲ့ ပြောလာသူကြောင့် ချွမ်ရွေ့ရင်ထဲ အေးချမ်းသွားရလေသည်။

"အဲ့တာဆိုလည်း အခန်းထဲ သွားကြမယ်လေ"

"ဟုတ်ပြီ..."

.

ထမင်းစားရင်းနဲ့ပင် ချွမ်ရွေ့ ပြောလာသည့်စကားတစ်ခွန်း။

"အပြုံးတွေ ဖော်ဖော်သီသီ မသုံးပါနဲ့ဆိုတာ ထယ်ရာ"

"ဟင်..."

"ခုနက အမကို ရယ်ပြနေတာလေ.. အဲ့လောက်ထိ လိုလို့လားလို့"
ဆူအောင့်အောင့်လေးပြောလာသည့် ရှန်ဟာ ကလေးလေး အတိုင်းပင်။ သဝန်တိုဟန်ပြောလာသူကို ထယ်ရယ် သိပ်အသဲယားမိစွာ ပါးလေးအား ဆွဲလိုက်မိသည်။

"ကိုယ် ကလေး မဟုတ်ဘူးနော် ထယ်"

ဆူအောင့်အောင့်လေသံနဲ့ အတူ ထယ်ရယ် စနောက်နေသည်အား ဖယ်ကာ ရှောင်တိမ်းသွားသည့် ချွမ်ရွေ့ကြောင့် ထယ်ရယ် မျက်ဝန်းများ မှိတ်သည့်အထိ။ ပါးချိုင့်ကလေးများ ထင်းကာ ထက်ပေါ်လာသည့် အထိ ပြုံးမိလိုက်ပါရဲ့...

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]Where stories live. Discover now