- ᴜɴɪᴄᴏᴅᴇ -
အေဒီ (၁၂) ရာစု၊ အင်္ဂလိပ် ဘုရင်ခံစနစ် အုပ်စိုးစဉ်ကာလ အပိုင်းအခြားငယ်။
နွေရာသီရဲ့လေပြေနွေးနွေးတွေဟာ အေဒီယန်မြို့တော်အား နွေးထွေးခြင်း ခြုံလွှမ်းလျက်။ မြို့တော်ရဲ့ ကိုယ်စားပြု နာရီစင်ဟာ ဆယ့်တစ်နာရီ၊ ဆယ့်တစ်မိနစ်ဟု ဖော်ပြလျက်။
ထုံးစံ အတိုင်း ရစ်ခီဟာ ထယ်ရယ့်ပန်းဆိုင်လေးသို့သာ ဦးတည်မိသည်။ ဆိုင်အပြင်မှ လှမ်းကြည့်မိလေတော့ စားပွဲဝိုင်းဖြူလေးထပ် ပန်းစည်းများအား ထုပ်ပိုးနေဟန်။ ဆိုင်၏ဝင်ပေါက်အား ကျောခိုင်းထားသည်။ ရစ်ခီ, ထယ်ရယ့်အား စနောက်ချင်စိတ်ကလေးဖြင့် ဆိုင်တံခါးလေးအား အသာအယာလေး တွန်းဖွင့်လျက် ခြေသံလုံလုံဖြင့် ထယ်ရယ့် အနားတိုးကပ်သွားလျက် မျက်ဝန်းလွှာလေးအား လက်ဖဝါးဖြင့် အုပ်ကာကွယ်လိုက်သည်။
"ရစ်ခီ... ခင်ဗျား ကျွန်တော့်ဆိုင်ကို နေ့တိုင်းလာနေမှာလား??"
ထယ်ရယ့်ဆီမှ ခပ်ဆောင့်ဆောင့်လေး ထွက်ပေါ်လာသည့်အသံလေး။ ရစ်ခီ့ ခပ်ဖွဖွလေးရယ်လျက် အုပ်ထားတဲ့ လက်တို့အားဖယ်ကာ ထယ်ရယ်ထိုင်နေသည့် ဘေးဘက်ခုံတွင် ဝင်ထိုင်လိုက်ပြီး.."ကိုယ်မှန်း ထယ်ဘယ်လိုလုပ်သိနေတာ..?"
"ကျွန်တော့်ကို အဲ့လိုလုပ်မဲ့သူက ခင်ဗျားအပြင်မရှိဘူးလေ"
မျက်စောင်းလေးတစ်ချက်ရဲ့ ရစ်ခီ့နားစည်အတွင်း လာရိုက်ခတ်တဲ့ စကားငယ်ကြောင့် ရစ်ခီ မျက်ဝန်းတွေ မှိတ်ကျအောင်ရယ်မိသည်။"ဘာရယ်တာလဲ? မဟုတ်လို့လား နေ့တိုင်းလာနေတာ ခင်ဗျား အလုပ်မရှိဘူးလား?"
ထယ်ရယ် ပြောလည်းပြောချင်စရာပင်.. ကျန်းဟောက် စကားကြောင့် ဒီဆိုင်သို့ သိပြီးရောက်လာခဲ့သလို၊ ထယ်ရယ်နဲ့စသိတဲ့ ထိုနေ့မှစ နေ့တိုင်း ရစ်ခီ, ထယ်ရယ့်ဆီလာနေတာပင်..။
"အလုပ်ကရှိပါတယ် ထယ်ရဲ့၊ ထယ့်အတွက် ဒီအချိန်က သီးသန့်လေ..."
"သီးသန့်အချိန်ပေးရအောင် ကျွန်တော်တို့က ဘာမှလည်း မဟုတ်ကြတာလေ.. ပြီးတော့ ပန်းတွေဝယ်ပြီးရင် ပြန်ပြီးပေးခဲ့တာရော ဘာသဘောပါလဲ လူကြီးမင်းရှန်ခင်ဗျ"
ESTÁS LEYENDO
#•𝟏𝟏:𝟏𝟏 [𝘴𝘩𝘦𝘯𝘵𝘢𝘦𝘳𝘢𝘦]
Fanficနာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝများတွင်တော့ ပြည့်စေဖို့ ရည်ရွယ်လေပါရဲ့..