အပိုင်း-၃

17.5K 965 60
                                    

(Unicode)

ဒီနေ့တော့ စျေးသွားတာ ခဝဲသီးလေးတွေကောင်းလို့ ဝယ်လာခဲ့လိုက်သည်။ ခဝဲသီးလေးကို ပုဇွန်ခြောက်လေးနဲ့ အချိုလေး ကြော်ရန်အတွက်။

ခဝဲသီးများကို လှီးဖြတ်နေရင်း ချွန်ထက်လှသော ဓားကြောင့် လက်ညိုးကို ချော်လှီးမိလေသည်။

"အ့....."

လက်တဆစ်ခန့် အရွယ်လောက် ပြတ်ရှသွားသောကြောင့် သွေးတွေကတော့ အများအပြား စိမ့်ထွက်လာလေသည်။ ထိုအသေးစား ဒဏ်ရာလောက်က မပြောပ လောက်သည်မို့ တချက်နာသွားသော်လဲ သက်ပြင်းချလိုက်ရင်းသာ လက်ညိုးအား ရေပိုက်ခေါင်းအောက်မှာ ထားရင်း ထွက်လာသောသွေးတွေကို ရေဆေးချမိသည်။

ထိုစဥ် ရေပိုက်အောက်က လက်ကိုဖြတ်ခနဲဆွဲယူခံရလိုက်သဖြင့် အလန့်တကြားလှည့်ကြည့်လိုက်မိသည်။

"ဓားထိသွားတာလား"

"ဟုတ်....ဟုတ်ကဲ့ အကိုလေး"

"သတိထားမှပေါ့...ခနနေအုံး"

"ရ...ရပါတယ်...အကိုလေး။ ဘာမှမဖြစ်..."

စကားတောင် မဆုံးသေးခင် ထွက်သွားပြီးနောက် ပလာစတာနှင့်အတူ ပြန်ရောက်လာသည့် အကိုလေး။ စိုးစိုးလက်အား ထပ်မံ၍ ဆွဲယူကာ ပတာစတာ သေချာ ကပ်ပေးနေတော့သည်။

"အင်း...။သွေးတိတ်လောက်ပါပြီ"

"ဟုတ်...ဟုတ်ကဲ့ အကိုလေး"

ပတာစတာကပ်ပြီးသည်အထိ ကိုင်ဆွဲထားသည့်လက်ကို ပြန်လွှတ်မပေးခဲ့။ ထိုလက်လေးအား အသာဆွဲယူကြည့်တော့ ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်ကြောင့် နားမလည်နိုင်စွာဖြင့် အကိုလေးအား မော့ကြည့်မိလိုက်သည်။

"စိုးစိုးက ဘာလို့ ဒီလောက်တောင် နုနယ်ရတာလဲ"

"ဟင်...."

အကိုလေး၏ အကျင့်က စိုးစိုး ယခုလိုဘာမှနားမလည်သည့် အခြေအနေကို သဘောကျစွာဖြင့် ရယ်မောတတ်ခြင်း။ ထို့နောက် သူလုပ်နေကြအတိုင်း ခေါင်းကိုဖိကာ ဆံပင်တွေကို ခါဖွသွားသည်။

"ဘာမှမဟုတ်ဘူး။ ဂရုစိုက်"

"ဟုတ်...ဟုတ်ကဲ့ အကိုလေး"

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now