အပိုင်း-၈

16K 804 19
                                    

(Unicode)

ဖုန်းစခရင်ပေါ်မှာ ပေါ်နေသော ကလေးမလေးနှင့် စကားတွေပြောဆိုနေသည့် အကိုလေးအား ကြည့်ရင်း စိုးစိုးပြုံးနေမိသည်။ ခနအကြာမှာတော့ အကိုလေးက ကလေးမလေးအား တ့တာပြပြီး စိုးစိုးဘက်ကိုပါ ဖုန်းလှည့်ပြလာသည်မို့ သူလဲ လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်တ့တာ ပြလိုက်သည်။

"ရီဘက်ကာ လားဟင် သမီးလေးနာမည်က"

"အင်း ဟုတ်တယ်။ မြန်မာနာမည်တော့ မရှိဘူး"

"အကိုလေးနဲ့ မျက်ဝန်းလေးတွေတူတယ်။ အကိုလေးလို အညိုရောင် ဖျော့ဖျော့လေးတွေ"

"ဟုတ်တယ်။ သမီးမှာ ကိုယ်နဲ့တူတဲ့ မျက်လုံးလေးတွေ ရှိတယ်"

သမီးလေးအကြောင်း ပြောနေတော့ ရွှင်မြူးနေသည့် အကိုလေးအား ကြည့်ကာသဘောကျနေမိရင်း စိတ်ထဲဝင်ရောက်လာသည့်အတွေးတခု။ ထိုအတွေးကြောင့် စိတ်ထဲ ဝမ်းနည်းမိလာကာ အကိုလေးအားမရဲတရဲ ကြည့်လိုက်သည်။ အကိုလေးကတော့ ဖုန်းထဲက သမီးလေးနှင့်အတူ ရိုက်ထားသော ဓာတ်ပုံများကို စိုးစိုးအားပြကာ ပြုံးပျော်နေ၏။

မမေးသင့်မှန်း သိပေမယ့် အောင့်တက်လာသော စိတ်ခံစားမှုကြောင့် အကိုလေးအား မရဲတရဲမေးမိသည်။

"ရီဘက်ကာလေး အမေကရောဟင်"

"အော်...သူက အဲ့ဒီမှာပဲလေ"

"အကို...အကိုလေးကရော ရီဘက်ကာလေးအမေဆီ မသွားဘူးလားဟင်"

ထိန်းချုပ်ထားပါသော်လဲ အက်ကွဲကွဲ အသံကြောင့် အကိုလေးက ရိပ်မိသည်ထင်၏ စိုးစိုးထံသို့ အကြည့်တို့ရောက်ရှိလာပြီး ခေါင်းကို ခပ်ဖွဖွပုတ်သည်။

"ဘာလို့လဲ ကိုယ့်ကိုသွားစေချင်လို့လား"

"မဟုတ်...မဟုတ်ပါဘူး။ သမီးလေးရော၊ အမေရောက ဟိုမှာဆိုတော့ အကိုလေးက ပြန်မသွားဘူးလား မေးကြည့်တာပါ"

"အော်...သူလဲ ဟိုမှာ အဆင်ပြေနေပါပြီ။ အခုတွဲနေတဲ့ တယောက်နဲ့ ယူတော့မယ်ကြားတယ်"

"ဟင်..."

မျက်လုံးလေးပြူးကာ အံ့သြသွားသည့်စိုးစိုးအား တွေ့တော့ အကိုလေးကရယ်သည်။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now