(Unicode)
ခြံဝန်းတံခါးဝကြီး ရှေ့တခုမှာ ရပ်နေရင်း ခြံထဲက သုံးထပ်တိုက်အိမ်ကြီးကို ငေးမောကြည့်မိသည်။ ခြံရှေ့မှာ ရောက်နေပြီဖြစ်သော်လဲ အထဲမဝင်ရဲသေး။ အိမ်ကြီး၏ အလှအပကို အံ့သြဘနန်း ငေးမောခံစားကြည့်နေမိသည်။
သူ့နာမည်က စိုးမိုးကျော်။
သို့ပေမယ့် ရွာက လူအများစုကတော့ သူ့ကို စိုးစိုးလို့ခေါ်ကြတယ်။ သူကိုယ်တိုင်လဲ စိုးစိုးဟုခေါ်ခြင်းအား ပိုသဘောကျပါသည်။စိုးမိုးကျော် (ခေါ်) စိုးစိုးမှာတော့ ယောက်ျားလေးဖြစ်ပေမယ့် မိန်းကလေးတယောက်၏ ပုံပန်းသွင်ပြင် အကျင့်စရိုက် များစွာ ရှိ၏။
ယောကျ်ားလေးတဦးဖြစ်ပေမယ့် ပန်းလေးပမာ နူးညံသောအသားအရည်၊ သိမ်မွေ့သောအကျင့်စရိုက် အနေအထိုင်တို့ကြောင့် စိုးမိုးကျော် မှာတော့ အားနွဲ့သောပုံစံရှိလေ၏။မိန်းကလေးလို ပြင်ဆင်ဝတ်စားရသည်ကို ကြိုက်နှစ်သက်သော်လဲ အဖေက မကြိုက်သဖြင့် သိပ်မဝတ်ဖြစ်။ တခါတလေမှသာ မြန်မာဝတ်စုံလေးတွေ ချုပ်ဖြစ်ပြီး ရွာဘုရားပွဲတော်ရက်တွေမှာ ဝတ်ဖြစ်သည်။ ထိုအခါ ပွဲတော်ရက်မို့ တခါတရံဝတ်သည်မို့ အဖေက ဘာမှသိပ်မပြော။
ယောကျ်ားလေးလိုသာ ဝတ်ဆင်ပေမယ့် စိုးစိုးမှာ ယောကျာ်းလေးတွေ ဆံပင်လို မရှိသလောက် ပြောင်နေသည့် တိုကပ်ကပ်ဆံပင်ပုံမျိုးနှင့် မနေတတ်။ အနည်းဆုံးတော့ ဆံပင်လေးကို နားနောက်သိမ်းရုံလောက်၊ ဂုတ်ထောက်သည့် အနေအထားလောက်ဆိုလျှင် ကျေနပ်လှပြီ။ ဆံပင်အရှည်ထားချင်သော်လဲ တောရွာမှာနေသဖြင့် ပျိုးနှုတ်ကောက်စိုက်လုပ်ရသည့်အခါ ဆံပင်အရှည်နှင့်က သိပ်အဆင်မပြေ။ ရွာမှာလဲ မိန်းကလေး ဆံပင်ညှပ်ဆိုင်မရှိပဲ ဆိုင်ကယ်ဖြင့်မြို့ပေါ်တက်မှသာ ဆံပင်ပုံစံလှလှလေး ညှပ်လို့ရသည်။ ရွာမှာတော့ ယောကျ်ားလေးတွေကို ဆံပင်ညှပ်ပေးသည့် ဦးလေးကြီးရှိပေမယ့် သူ့ဆံပင်တွေကိုတော့ ယောကျ်ားလေးကေ မညှပ်ချင်ပါ။
ထို့ကြောင့် စိုးစိုး၏ နဂိုဆံပင်အလိမ်လေးတွေဟာ ဂုတ်ပေါ်မှာ ဟိုလိမ်ဒီကောက်ဖြင့် ခွေဆင်းကျလျှက်ရှိသည်။
YOU ARE READING
အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]