အပိုင်း-၇

16.6K 842 39
                                    

(Unicode)

မနက်စာ အခန်းထဲလာပို့ပေးတော့ အကိုလေးက အပြင်တနေရာ သွားဖို့ထင်၏ ရေမိုးချိုးပြီး အဝတ်စားလဲနေသည်ကို တွေ့လိုက်ရသည်။

"အကိုလေး မနက်စာ"

"အင်း..."

ဗီဒိုရှေ့က မှန်မှာ အနောက်တိုင်းဝတ်စုံလဲလှယ်နေသည့် အကိုလေးမှာ ခန့်ညား ကြည့်ကောင်းလွန်းလှသဖြင့် စိုးစိုးတယောက် ငေးမောကြည့်နေမိသည်မှာ မျက်စိတို့ မလွှဲနိုင်ခဲ့။ ဤသည်ကိုမြင်တော့ အကိုလေး​က ရယ်မောလာသည်။ ရယ်သံကြားခါမှ အသိဝင်လာမိပြီး ရှက်ရမ်းရမ်းကာ အကြည့်တို့ကိုရှောင်ဖယ်လိုက်မိသည်။

"ဒီကိုလာအုံး စိုးစိုး"

ခေါ်နေသည်မို့ အနားတိုးကပ်သွားမိတော့ ခါးကို လက်တဖက်ဖြင့် ပွေ့ယူကာ ဖက်ထားလိုက်သော အကိုလေး။

"ဘာ...ဘာဖြစ်လို့လဲဟင် အကိုလေး"

"ကိုယ့်ကို နက်ကတိုင်ချည်ပေး"

အကိုလေး၏ လည်ပင်းပေါ်တွင် ရောက်နေသော ကြိုးကိုကြည့်ရင်း

"စိုးစိုးမချည်တတ်ဘူး...အကိုလေး"

"ကို....လို့ ခေါ်ဖို့ ပြောထားတာကိုကွာ"

"တခြားသူတွေ ကြားသွားမှာ.... စိုးလို့ပါ"

"ဒါဆို ကိုယ်နဲ့ စိုးစိုးနှစ်ယောက်ထဲ ရှိတဲ့အချိန်ကျရင် ခေါ်လေ"

စိုးစိုးခါးကို တင်းကြပ်စွာဖက်လိုက်ရင်း နားအနားလေး ကပ်ကာတီးတိုးပြောသည်မို့ စိုးစိုးကြက်သီးလေးများ ထသွားရ၏။

"ဟုတ်...ဟုတ်ကဲ့ ကို"

"လိမ္မာတယ် စိုးစိုးက။ နက်ကတိုင်မချည်တတ်ရင် ကိုယ်သင်ပေးမယ် ဒီမှာကြည့်"

အကိုလေးက စိုးစိုးကိုယ်လုံးကို ဆွဲလှည့်လိုက်ကာ မှန်နှင့်မျက်နှာချင်းဆိုင်ခိုင်းလိုက်သည်။ ထို့နောက် အနောက်ဘက်မှနေပြီး အုပ်မိုးပြီး စိုးစိုးလည်ပင်းတွင် နက်ကတိုင် ကြိုးကိုပတ်ပေးသည်။

မှန်ထဲတွင်တော့ စိုးစိုး၏ခန္ဓာကိုယ်က အကိုလေး၏ ရင်ခွင်ကျယ်ကြီးတွင် နစ်မြုပ်လျှက်။ အကိုလေးမျက်နှာကလဲ စိုးစိုးဘေးနားမှာ ရောက်ရှိနေပြီး ဝင်သက်ထွက်သက် လေတွေဟာ စိုးစိုးမျက်နှာအား လာရောက်ထိမှန်သည်။ အနီးကပ်မြင်နေရသော အကိုလေးမျက်နှာကို ခေါင်းလေးစောင်းကာ တမော့တမော ကြည့်ရှုမိတော့ အကိုလေးကရယ်မောရင်း ပြောလာသည်။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now