အပိုင်း-၅

17.1K 899 37
                                    

(Unicode)

အကိုလေးရင်ခွင်ထဲမှာ အချိန်အတော်ကြာငြိမ်သက်မိရင်း ရင်ခုန်သံကို မရမက ထိန်းချုပ်နေမိသည်။

"ရင်ခုန်နေတာ ရပ်သွားပြီလား"

"ဟုတ်...ဟုတ်ကဲ့"

အကိုလေးအား မော့ကြည့်ရင်း ပြန်ဖြေမိတော့ အကိုလေးက ထပ်၍ပြုံးပြန်သည်။

"ဒါဆိုဘယ်လိုလုပ်မလဲ ကိုယ်က စိုးစိုးကို ရင်ခုန်တာ မရပ်အောင်လုပ်မှာလေ"

ပြောပြောဆိုဆိုဖြင့် စိုးစိုး၏ နဖူးပေါ်သို့ ဖိကပ်ကာအနမ်းတပွင့်ခြွေချသည်။ အသည်းအသန် ထိန်းချုပ်ခဲ့ရသော ရင်ခုန်သံတွေဟာ ပြန်လည်၍ ဝုန်းဒိုင်းကြဲကုန်ပြန်၏။

အကိုလေး၏ အင်္ကျီစတွေကို ဆုပ်ကိုင်လိုက်မိပြီး မျက်လုံးကို အားဖြင့် မှိတ်ချလိုက်ကာ ခေါင်းငုံ့ထားမိတော့သည်။ ထိုအခါအကိုလေးက စိုးစိုးမေးဖျားကို ကိုင်ကာ မော့စေသည်။

"စိုးစိုးက တကယ်အရမ်းချစ်ဖို့ကောင်းတာပဲ"

".........."

မျက်နှာအနှံ့ကျရောက်လာသော အနမ်းတွေအား စိုးစိုး ငြိမ်သက်စွာ လက်ခံမိရင်း လက်တွေကတော့ အကိုလေးအင်္ကျီစကို တင်းကြပ်စွာ အားယူဆုပ်ကိုင်ထားမိတော့သည်။

"စိုး...."

"ဟုတ်....ဟုတ်ကဲ့"

ခေါ်သံကြောင့် ဖိပိတ်ထားမိသည့် မျက်ခွံတွေအားဖွင့်ကြည့်မိတော့ အကိုကသူ့မျက်နှာအနီးနားတွင်ကပ်ကာ တစိမ့်စိမ့်ကြည့်နေသည်လေ။

"သဘောကျတယ် စိုးကို"

"အ...အကိုလေး...."

"ကို လို့ခေါ်"

"..........."

"စကားနားမထောင်တဲ့ လူတွေကို ဘယ်လိုအပြစ်ပေး ရလဲသိလား"

စိုးစိုး ခေါင်းကိုအသာခါမိတော့ အကိုလေးကရယ်သွမ်းကာ မေးဖျားကိုကိုင်ဆွဲပြီး နှုတ်ခမ်းထက်ဆီသို့ အနမ်းမိုးတွေစွေလေသည်။

နှုတ်ခမ်းသားချင်း အထိအတွေ့ဟာ နူးညံ့လွန်းလှသဖြင့် စိုးစိုးထပ်မံ၍ မျက်လုံးများကိုမှိတ်မိပြန်သည်။ ခါးပေါ်ရှိ အကိုလေး၏ လက်တွေက ပိုမိုတင်းကြပ်သွားပြီး ရင်ဘတ်ချင်း အပ်နေသည်ကြောင့် စိုးစိုးတကိုယ်လုံးမှာ အကိုလေးရင်ခွင်ထဲ နစ်ဝင်ပျောက်ကွယ်သွားတော့မည့်မလား။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now