အပိုင်း-၉

14.8K 807 39
                                    

(Unicode)

အသက်ရှုစက်ပိုက်များ၊ အစာရေပြွန်ပိုက်များ၊ ဆေးပိုက်များဖြင့် ရှုပ်ယှက်ခတ်နေသည့် အကိုလေးကို ကြည့်ရင်း စိုးစိုးငိုကြွေးမိသည်။

အကိုလေးသတိမေ့နေသည်မှာ သုံးရက်ခန့်ရှိနေပြီး ဘယ်အချိန် ​သတိပြန်လည်လာမလဲ တပ်အပ်မသိနိုင်ပေ။ အက်စီးဒင့်မှာ ပြင်းထန်လွန်းအားကြီး၍ နံရိုးကျိုးကာ အသည်းအားသွားစိုက်သည်ဟု ဆရာဝန်များမှ ရှင်းပြလေသည်။ ခါးကိုလဲ တော်တော်ထိခိုက်သွားပြီး ခွဲစိတ်မှု အောင်မြင်ခဲ့သော်လဲ အခြေအနေကိုစောင့်ကြည့်ရန်သာ တတ်နိုင်သည်ဟုဆိုလေသည်။

အကိုလေးအား ရေစိုအဝတ်လေးဖြင့် သန့်ရှင်းရေးလုပ်ပေးမိရင်း မြန်မြန်နိုးထလာဖို့ဆုတောင်းမိသည်။ စိုးစိုး ငိုရလွန်းလို့လဲ မျက်ရည်တွေပင် ခန်းခြောက်တော့မည်။ အကိုလေးမှာ သတိရမလာခဲ့။

ရတယ်။ စိုးစိုးစောင့်နိုင်ပါတယ်။
ဘယ်လောက်ကြာကြာ အကိုလေးပြန်နိုးလာတဲ့အထိ စောင့်မယ်။

စိုးစိုး၏ မရပ်မနားတောင်းဆုတွေကို နတ်ကောင်းနတ်မြတ်တွေက ကြားသွားသလား မပြောတတ်။ တပတ်ခန့်အကြာမှာတော့ အကိုလေး သတိရလာခဲ့သည်။

ဝမ်းသာမှုကြောင့် အန်တီခိုင် ရှိနေသည်ကိုပင် ဂရုမထားမိတော့ပဲ အကိုလေးလက်အား ကိုင်ကာ အသည်းအသန် ငိုကြွေးမိသည်။

သတိရလာပြီးနောက်ပိုင်း အကိုလေး၏ ပြောဆိုလိုက်သော စကားတခွန်းကြောင့် စိုးစိုးကမ္ဘာတခုလုံး အမှောင်ကျသွားရတော့သည်။ အကိုလေး လက်အားဆုပ်ကိုင်ကာ သည်းကြီးမဲကြီးငိုကြွေးနေသော စိုးစိုးအားကြည့်ရင်း မျက်မှောင်ကျုံ့ကာ​ဖြင့်

"မင်းက ဘယ်သူလဲ"

အကိုလေး၏ တစိမ်းဆန်သော အကြည့်တွေအောက်မှာ စိုးစိုးတယောက် ပြောစရာစကားပျောက်ရှသွားရသည်။

ဆရာဝန်များကတော့ ခွဲစိတ်မှုမှာ အချိန်ကြာမြင့်သောကြောင့် မေ့ဆေးပေးရသည်မှာ ပမာဏများပြီး ကြာခဲ့သောကြောင့် မှဏ်ဉာဏ် ယာယီ ကစဥ့်ကလျားဖြစ်သည်ဟု ခေါင်းစဥ်တပ်ခဲ့၏။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now