အပိုင်း-၁၁

15.4K 805 24
                                    

(Unicode)

အချိန် သုံးလလောက် ကြာသွားခဲ့သော်လဲ စိုးစိုး အကိုလေးကို မမေ့နိုင်သေးပါ။ သို့သော်လဲ စိုးစိုးကြောင့် စိတ်ဆင်းရဲနေရသည့် အမေ့ကို သနား၍ စိုးစိုးဟန်ဆောင်ပြီးသာနေဖြစ်သည်။ အကိုလေးနှင့် ပတ်သတ်သမျှကိုတော့ စိုးစိုး မြူမှုန်တခုစာလောက်တောင် မေ့ဖျောက်၍မရနိုင်ခဲ့ပါ။

အကိုလေးရော အဆင်ပြေနေလောက်မလား။

ထိုသို့အတွေးများနှင့် အိမ်ရှေ့မှာငေးငိုင်နေခိုက် ရွာထဲရှိ ကာလသားတယောက်က စိုးစိုးကို လာခေါ်လေ၏။ တခြားမဟုတ်ပဲ ငယ်စဥ်ကတည်းက အတူပေါင်းသင်းကြီးပြင်းလာခဲ့ကြသည့် ဖိုးတုတ်။

"စိုးစိုးရေ စိုးစိုး"

"ဘာလဲ ဖိုးတုတ်"

"ရွာထိပ်က မိအေးတို့ဆီမှာ အလှူရှိတယ်လေ"

"သိတယ်လေ"

"အာ...နင်ကလဲ အလှူဆိုလဲ ဝိုင်းလုပ်ပေးရအောင်လေ"

"တော်ပါ ဖိုးတုတ်ရယ်။ နင်ကဝိုင်းလုပ်ပေးချင်တာနဲနဲ မိအေးညီမကို ငမ်းချင်တာများများလေ"

"ဟဲဟဲ...စိုးစိုးကလဲ။ နင်နဲ့ မိအေးနဲ့ကခင်တော့ ငါကအဖော်လာခေါ်တာပါ"

"အေးပါ အေးပါ သွားကြမယ်"

"ငါ့သူငယ်ချင်း စိုးစိုးက တအားချစ်ဖို့ကောင်း"

"တော်ပါ"

ရွာထိပ်က အလှူအိမ်မှာ ဝိုင်းဝန်းချက်ပြုတ်ပြီးတော့ ညနေစောင်းလာတော့ အိမ်ပြန်ရတော့မည်သာ။ စိုးစိုးပြန်မလို့ ပြင်လိုက်စဥ် ဖိုးတုတ်ကပါ အပြေးလာလေ၏။

"ပြန်တော့မလို့လား"

"အင်း"

"ငါလိုက်ပို့ပေးမယ် "

"ရပါတယ်။ ရွာထိပ်နဲ့ ရွာထဲသွားတာပဲ နင့်မိပန်းနဲ့သာ အဆင်ပြေအောင် လုပ်"

"အေး မိပန်းလေးနဲ့က ပြေပါတယ်။ အခုကရွာထဲကို ခွေးရူးတကောင် ရောက်နေတယ်ကြားလို့ အဲ့တာ နင့်ကိုပြန်လိုက်ပို့ပေးမလို့"

"ဟင်....ဟုတ်လား။ ဘယ်ကခွေးရူးလဲ ရွာထဲကခွေးလား"

"မသိပါဘူး။ တခြားရွာက ရောက်လာတာထင်တယ်။အဲ့ဒါ ခွေးရူးတကောင် ရွာသားတွေကိုလိုက်ဆွဲနေလို့။ ပြန်လိုက်ပို့ပေးမယ်"

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now