အပိုင်း-၂

19.3K 1K 42
                                    

(Unicode)

အိမ်ခြံဝန်းက သိပ်မကျယ်လှသော်လဲ ကားတစီးတော့ ပါကင် ကောင်းကောင်းထိုးလို့ရလေသည်။ မြို့ပေါ်မှာဖြစ်ပြီး ကားအဝင်အထွက်ပါရှိသဖြင့် မြေကြီးမရှိပဲ တမံတလင်းကြမ်းပြင်သာရှိ၏။ သို့သော်လဲ သစ်ပင်၊ ပန်းပင်များကို အိုးများဖြင့်အစီအရီစိုက်ပျိုးထားသည်ကြောင့် အိမ်ကြီးနှင့် ခြံဝန်းအလှအပမှာ အလွန်ပနံသင့်လှပေသည်။

ပန်းပင်များကို ရေပိုက်​ဖြင့် ရေလောင်းနေရင်း ရလိုက်သည့် သနပ်ခါးပန်းအနံ့ကြောင့် စိုးစိုး သဘောကျစွာ ပြုံးလိုက်မိသည်။ ဒီအိမ်ကိုသဘောကျခြင်းမှာ ဒါကြောင့်လဲပါ၏။ တခြားသော အိမ်တွေလို နှင်းဆီပန်းပင်၊ သစ်ခွပန်းပင်၊ စံပယ်ပန်းပင်တွေရှိသည့်အပြင် သနပ်ခါးပန်းပင်များလဲ ရှိသေးသည်။ စိုးစိုးက အရောင်အသွေးစုံကာ မွှေးပျံံ့လှသော ပန်းများထက် ဒီလို အဝါရောင်ဖျော့ဖျော့လေးရှိပြီး သနပ်ခါးနံ့သင်းသင်းလေးရသည့် သနပ်ခါးပန်းကို ပိုကြိုက်သည်။

စိုးစိုးလို ရှင်မတောင်သနပ်ခါးကိုကြိုက်နှစ်သက်သူက သနပ်ခါးအနံ့လေးသင်းနေသည့် သနပ်ခါးပန်းကို နှစ်သက်သည်မှာလဲ မထူးဆန်းဘူးမဟုတ်လား။

ခြံထဲရှိ သစ်ပင်တွေအား ရှင်းလင်းစိုက်ပျိုးသည့် ခြံစောင့်ဦးလေးကြီး ရှိပေမယ့် ပန်းပင်တွေကို သဘောကျသော စိုးစိုးအဖို့တော့ တခါတရံ အလုပ်အားသည့်အခါ ပန်းပင်လေးတွေကို ဂရုစိုက်ပေးဖြစ်သည်။ ပန်းပင်လေးတွေကို ဂရုတစိုက်ပြုစုပျိုးထောင်ရတာကလဲ စိတ်ကို ကြည်နူးပျော်ရွှင်စေသည်လေ။

သနပ်ခါးပန်းပင်လေးအား ရေလောင်းပေါင်းသင်နေရင်း ကြည်နူးစိတ်ဖြင့်ပြုံးနေခိုက် စိတ်ထဲမသိုးမသန့် ခံစားချက်ရလိုက်သည်။ ဒါဟာ စိုးစိုးတယောက် ဒီရက်ပိုင်း မကြာခဏခံစားနေရသည့် စိတ်မသန့်သလိုခံစားချက်မျိုးပေ။

တစုံတယောက်က သူ့အားစောင့်ကြည့်နေသလို ခံစားချက်မျိုးကြောင့် မလုံမလဲဖြင့် ပတ်ဝန်းကျင်အား ဟိုဟိုဒီဒီ လှည့်ပတ်ရှာဖွေသော်လဲ ဘာမျှမရှိ။

"သရဲတွေ ဘာတွေများ လား"

တစ္ဆေသရဲဆိုတာကို တွေးကြည့်မိတော့ ကြက်သီးလေးများ ဖြန်းခနဲ ထသွားကာ ပုခုံးလေးနှစ်ဖက်ကို အနည်းငယ်မြှောက်ပြီး ခေါင်းလေး ပုလိုက်မိသည်။ သတိထားပြီး နောက်တခါထပ်မံ၍ ခေါင်းလေးလှည့်ကာ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လှည့်ပတ်ရှာမိပြန်သည်။ အိမ်အပေါ်ထပ်ထိပါ လှမ်းကြည့်လိုက်သော်လဲ ဘာအရိပ်အယောင်မျှမတွေ့။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now