"သူကြီး..ရေ..သူကြီး..."
ခြံဝိုင်းထဲသို့ ပုဆိုးစွန်တောင်ဆွဲ၍ ပြေးဝင်လာသော
ဖိုးပိန်ကြောင့် ဧည့်သည်တွေနှင့် စကားပြောနေသည့်
သူကြီးဦးဘချစ် ထိုင်နေရာမှ ထိတ်ထိတ်လန့်လန့်ဖြင့် ထရပ်မိလျက်သား ဖြစ်သွားသည်။"ဘာဖြစ်လာတုန်းဟ ဖိုးပိန်ရ"
ဖိုးပိန်က သူကြီးအမေးကို ပြန်မဖြေအားသေးပဲ ခါးကိုကုန်းကာ ဒူးနှစ်ဖက်ပေါ် လက်ထောက်ရင်း အမောဖြေနေသည်။အမောပြေမှ
"ရွာထိပ်..ရွာထိပ်က..စားကျက်ကွင်းထဲ ရန်ဖြစ်နေကြလို့"
"ဟေ...ဘယ်သူတွေဖြစ်နေကြတာလဲ"
သူကြီးဦးဘချစ် ဧည့်သည်တွေဘက် တစ်ချက်လှည့်ကြည့်
ကာ ဖိုးပိန်ကို ထပ်မေးသည်။"အထွေးနဲ့ဖိုးထောင် သူကြီး...၊ဘယ်သူမှလဲဆွဲမနိုင်ဘူး၊
အဲ့ဒါ သူကြီးလိုက်ခဲ့ပါဦး"ရန်ဖြစ်သူနှစ်ဦးကို သိလိုက်ချိန်မှာတော့ သူကြီးဦးဘချစ်
မျက်နှာ လငပုတ်ဖမ်းသည့်နှယ် မည်းမှောင်သွားသည်။
အိမ်အတွင်းဘက် ကွက်ပျစ်ပေါ်ထိုင်နေသည့် မိန်းမဖြစ်
သူ ဒေါ်လှကြွယ်ကို လှမ်းကြည့်ကာ သက်ပြင်းချသည်။
ဒေါ်လှကြွယ် တင်းကုတ်ထဲမှ ထွက်လာသည့် ငခွေး
ကို မြင်တော့ မျက်နှာရိပ်မျက်နှာကဲဖြင့်
အချက်ပြလိုက်သည်နှင့် ငခွေး ခြံနောက်ဘက်သို့
အပြေးထွက်သွားသည်။
ဧည့်သည်တွေရှေ့ အခုလိုဖြစ်တာကြောင့် ဦးဘချစ် ရှက်
လွန်း၍ သူ့မျက်နှာကြီးကို စပါးကျီထဲထည့် ဖွက်ထားလိုက်
ချင်တော့သည်။
ဒေါသနှင့်ရှက်စိတ်ကြောင့် မျက်နှာကြီးနီရဲလာကာ နှုတ်
ခမ်းမွှေးကားကားကြီးပင် ထောင်တက်လာလေသည်။"ဧည့်သည်တွေရောက်နေမှကွာ...အားနာစရာတွေဖြစ်ကုန်ပြီ"
တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း ခေါင်းမှာပေါင်း
ထားသည့် ဖျင်ကြမ်းတဘက်ကို ဖြည်လိုက်ကာ"ကျုပ်သွားကြည့်မှရမယ်၊အားလုံးပဲ ခဏလောက်ခွင့်ပြု
ဦးဗျာ၊ မယ်ကြွယ်...ငါ့နှစ်လုံးပြူး ယူခဲ့စမ်း""လိုက်သွားပါသူကြီး၊ကျုပ်တို့ စောင့်နေပါ့မယ်"
ဒေါ်လှကြွယ်က နံရံမှချိတ်ထားသည့် နှစ်လုံးပြူးသေနတ်
ကို ဖြုတ်ယူလာကာ မျက်စိပျက်မျက်နှာပျက်ဟန်ဖြင့်
ဦးဘချစ်နားနားသို့ကပ်၍
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။