"တစ်ရွာသားအချစ်ကပိုပါတယ် တစ်ရွာသူ
အချစ်ကလေးရယ်...
တစ်ရွာသားအချစ်ကပိုပါတယ် တစ်ရွာသူ
အချစ်ကလေးရယ်..."မိုက်မိုက်တစ်ယောက် ဆိုင်ကယ်အင်ဂျင်ဝိုင်လဲရင်း
သီချင်းလေးတညည်းညည်းလုပ်နေသည်။"မိုက်မိုက်ရေ...မိုက်မိုက်...."
"ဟေ...ဘာလဲကွ"
"ကုလားပုတို့တဲ မီးလောင်နေလို့တဲ့ကွ "
"ဟေ..."
မိုက်မိုက် ငေါက်ခနဲထကာ ပုဆိုးစမ၍ ခြံဝိုင်းထဲက
ပြေးထွက်သွားတော့သည်။..................
ညောင်ပင်တန်းဆေးရုံအတွင်းသို့ ဆိုင်ကယ်တစ်စီး
အရှိန်ပြင်းပြင်းနှင့်မောင်းဝင်လာသည်။
ဆိုင်ကယ်ပေါ်၌ လူနှစ်ဦးပါလာပြီး မောင်းလာသူက
နောက်ကလူနှင့်သူ့ကိုယ်ကို ပုဆိုးတစ်ထည်နှင့်
ပူး၍ ချည်ထားသည်။
ဆိုင်ကယ်ကို ဒေါက်ထောက်မနေတော့ပဲ လှဲချကာ
အသံကုန်အော်တော့သည်။"ဆရာမလေး...ကယ်ပါဦး....
ဆရာဝန်လေးတို့ ကျုပ်သူငယ်ချင်းကို ကယ်ကြပါ
ဦး"ဆေးရုံထဲ သွေးရူးသွေးတန်းနှင့် ပြေးဝင်လာသည့်
လူတစ်ယောက်ကြောင့် ဆေးရုံဝန်ထမ်းတွေ လန့်
ကုန်ကြသည်။
ထိုလူက လူတစ်ယောက်ကို ကျောပိုးထားလျက်သားနှင့် ဆရာဝန်တွေကိုရှာနေသည်။
သူ့တစ်ကိုယ်လုံး စိုရွှဲကာ ပေကျံနေပြီး မျက်နှာမှာလဲ
မည်းနေသည်။
စကားဖြူ သူ့ဆီသို့အပြေးသွားလိုက်သည်။"ဆရာမလေး...ကျုပ်သူငယ်ချင်းကို ကယ်ပါဦး
ဗျာ...""ဟင်..."
စကားဖြူ မျက်လုံးအဝိုင်းသားနှင့် ထိုလူ့ပခုံးပေါ်
မှီထားသူကိုကြည့်ကာ ရင်ဘက်ကိုဖိလိုက်မိသည်။"မိုက်...မိုက်မိုက်....အစ်ကို...."
မိုက်မိုက်ကိုယ်ကို ကုတင်တစ်ခုထက်တင်ခိုင်းလိုက်
ပြီး အရေးပေါ်ကုသမှုတွေလုပ်ရတော့သည်။
မလှုက်မယှက် ငြိမ်သက်နေသည့် မိုက်မိုက်ကြောင့်
စကားဖြူ မျက်ရည်တွေဝဲလာသည်။
နှုတ်ခမ်းနှစ်ခုကိုတေ့ကာ လေမှုတ်သွင်းလိုက်ပြီး
ဘယ်ဘက်ရင်ဘက်ပေါ်ကိုလက်ဖြင့် ဖိလိုက်ကြွလိုက်လုပ်နေသည်။
ခဏခဏထိုသို့ပြုလုပ်ပြီးနောက် နှလုံးခုန်သံကို
ပြန်စမ်းသပ်သည်။
နှလုံးခုန်သံပုံမှန်ပြန်ကြားရမှ စိတ်ကိုလွှတ်ချလိုက်
တော့သည်။
စိတ်သက်သာရာ ရသွားပေမယ့် စိုးရိမ်မှုကတော့
မြင့်တက်နေဆဲ။
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။