ပုဝါပါးလေးစွန်းမှာဆိုး(၂၃)

2.6K 224 4
                                    


"အမေ...အမေ့...
ဒီမှာ ဧည့်သည်တွေပါလာတယ်...နေရာထိုင်ခင်း
စီစဥ်ပေးပါဦး...ဆရာမလေးကော..ဒီကညီမတို့
ကော.. အေးဆေးအနားယူကြဦးနော်..ဘာမှအား
မနာနဲ့...ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထား..."

"ဟုတ်ကဲ့..."

ဒေါ်စနှင့်ယင်းမာ အိမ်ထဲကထွက်လာပြီး ဧည့်သည်
တွေကိုမြင်တော့ အားရဝမ်းသာစွာနှင့်ခရီးဦးကြို
ပြုသည်။

"ဟယ်...ဆရာမလေးတို့တော့...
ယင်းမာ...လက်ဖက်လေးမြန်မြန်သွားသုပ်ချေ.."

"အို...နေပါစေ...ဒေါ်လေး...."

"မဟုတ်တာ....ဆရာမလေးရဲ့..."

"အမေ့...ဆရာမလေးတို့..ဒီည ဒီမှာတည်းမယ်
မနက်ဖြန် ကျုပ်တို့အိမ်ဝိုင်းထဲမှာ ရွာထဲက ဝက်သက်ကာကွယ်ဆေးထိုးဖို့ကျန်တဲ့ကလေးတွေ
ကို ကာကွယ်ဆေးဆက်ထိုးပေးဖို့ ခေါ်လာခဲ့တာ.."

"ဟုတ်လား...အေးအေး...ကောင်းတယ်..ကောင်း
တယ်...ကျွန်မတို့ကလဲ ဆရာမလေးကို ထမင်း
ဖိတ်ကျွေးချင်နေတာနဲ့ အတော်ဖြစ်သွားတယ်"

"သြော်...ဧည့်သည်တွေပါလာတာပဲ...ဟောဗျာ..
ဆရာမလေးတို့ပဲ...ကျုပ်ကဘယ်သူတွေလဲမှတ်
တယ်..."

"ဒီမှာ လက်ဖက်သုပ်လေး စားကြပါဦး..
ယင်းမာ ဆရာမလေးတို့အတွက် နေဖို့ပြင်လိုက်ဦး
မယ်..."

"အေးအေး..."

ယင်းမာ လက်ဖက်သုပ်ပန်းကန်ချပေးပြီးသည်နှင့်
အိမ်ပေါ်ထပ်သို့တက်သွားသည်။
ဦးဘသာက တန်းလျားမှာဝင်ထိုင်လိုက်ပြီး

"ဒါနဲ့...သား..မင့်ကိုငဘိတ်ခေါ်ခိုင်းလိုက်တာ
ဆရာမလေးတို့ရောက်နေလို့လား..."

"မဟုတ်ဘူးအဘ....စံမြအသတ်ခံရလို့..ကျုပ်ကို
ခေါ်မေးတာ..."

"ဟေ...စံမြအသတ်ခံရလို့ဟုတ်လား.."

"အလိုလေး...ဘယ်လိုများဖြစ်ကြလဲ..တရားခံကော
မိသတဲ့လား..."

ဒေါ်စ ရင်ဘက်ကိုလက်ဖြင့်ဖိ၍ တလေသည်။
မိုက်မိုက်က လက်ခါပြကာ ကုလားထိုင်မှာ ထိုင်
လိုက်သည်။

"မမိသေးဘူး...အဲ့အကြောင်းနောက်မှပြောမယ်"

........

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now