ပဝါပါးလေးစွန်းမှာဆိုး(၄)

3.4K 231 2
                                    


နေရာဒေသအပြောင်းအရွှေ့နှင့် အိပ်ယာကြောင့်
စကားဖြူ အခုထိအိပ်မရချေ။ အိပ်မပျော်သေး။
ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် ညည့်နက်
လာသည်။

"မမ.."

သူမဘေးမှ စကားဝါက ပခုံးကိုလှမ်းကုတ်ကာ
အသံတိုးတိုးဖြင့်ခေါ်သည်။

"အဝါ အိပ်လို့မရဘူး "

"သိုးတစ်ကောင် နှစ်ကောင် စိတ်ထဲကရေပြီးအိပ်၊
အိပ်ပျော်သွားလိမ့်မယ်"

ညီမဖြစ်သူကို ထိုသို့ပြောလိုက်ပေမယ့် မိမိကိုယ်တိုင်
ကအိပ်မရဖြစ်နေတာကြောင့် စကားဖြူ သက်ပြင်း
ဖွဖွ ချလိုက်မိသည်။

"ခွေးတွေ အရမ်းအူတာပဲနော် ၊ အဝါ ကြောက်လိုက်
တာ "

"ဘုရားစာ ဆိုပြီးအိပ် "

အဝါ့ကို ပြောလိုက်ရင်း သူမလဲ အညာစောင် အပါး
လေးတစ်ထည်ကို ခြုံ၍ ဘုရားစာရွတ်နေမိသည်။

ရန်ကုန်ကနေ မိုင်ပေါင်းလေးရာကျော်ဝေးသည့်
ဒီအညာဒေသလေးမှာ တာဝန်ထမ်းဆောင်ဖို့ သူမ
ကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်သည်။
ဆရာဝန်ကြီး ပြောတုန်းကတော့ လမ်းပန်းဆက်သွယ်ရေး ဒီလောက်ထိခက်ခဲလိမ့်မည်ဟု မထင်ခဲ့ပေ။ ဒီကိုမလာခင် ခရိုင်မြို့မှာ
တစ်ညအိပ်ခဲ့ရသေးသည်။
ရေကြောင်းနှင့်လာလို့ရသည် ဟုပြောပေမယ့်
ကားနှင့်သာ လာဖို့ မိသားစုဝင်တွေက စိတ်အား
ထက်သန်နေခဲ့ကြသည်။
ဆယ်မိုင်သာဝေးသည့် အကွာအဝေးကို သူမတို့
တစ်နေကုန် ကားစီးလာခဲ့ရသည်။
တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ခံထားရသလို နာကျင်
နေချေပြီ။
ဖေဖေနှင့်မေမေကိုတော့ ဆေးတိုက်ထားရသည်။
ကိုကို့ ခြင်ထောင်ဘက်မှ ဟောက်သံသဲ့သဲ့ကြားရ
သည်။
အဝါကတော့ အိပ်ပျော်သွားပြီလား။ဒါမှမဟုတ်
အိပ်ပျော်နိုင်ဖို့ပဲ ကြိုးစားနေသည်လားမသိချေ။

မနက်ဖြန်မှ သူမအလုပ်ဝင်ရမည့်ဆေးရုံကို လိုက်ပို့
ပေးမည်ဟု ရွာလူကြီးကပြောသည်။
အိပ်မရလဲ အိပ်ပျော်နိုင်အောင် အိပ်ရမှာပဲ။

အပေါ်ထပ်ကသူမတို့ပင်မဟုတ် အောက်ထပ်က
သူကြီးလင်မယားလဲ အိပ်လို့မပျော်ချေ။
ချစ်လှစွာသော သမီးအထွေးကို ရွာပြင်ထုတ်ထား
ရ၍ ခေါင်းခဲနေသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now