မိုက်မိုက် ကုတင်ပေါ်ပက်လက်လှဲကာ နဖူးပေါ်
လက်တစ်ဖက်တင်၍ ပြတင်းပေါက်အပြင်ဘက်
ကနေ ကြယ်အနည်းငယ်ရှိနေသည့် ကောင်းကင်
ကိုငေးမောကြည့်နေသည်။
သူ့မျက်လုံးထဲ ရွာကို ကျန်းမာရေးအသိပညာပေး
ဟောပြောပွဲလာလုပ်သွားသည့် ဆရာဝန်မလေးရဲ့
ပုံရိပ်က ဖျောက်ဖျက်မရ။
ထိုမိန်းကလေးကိုနောက်တစ်ခေါက် တွေ့ချင်စိတ်
က ရင်မှာတဖွားဖွား။
သို့သော် သူမကိုတွေ့ဖို့အခွင့်အရေးက မရှိ။
တွေ့ရဖို့နည်းလမ်းရှာရင်း ထိုည ညနက်မှအိပ်ပျော်
သွားသည်။နောက်တစ်နေ့မနက်...
"မိုက်မိုက်....မိုက်မိုက်...."
အိမ်အောက်ထပ်က အမေ့ရဲ့ခေါ်သံကြောင့်
မိုက်မိုက် နိုးသွားသည်။
မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ကာ လှဲနေရာမှ
ထလိုက်သည်။"ဘာလဲအမေရာ...စောစောစီးစီး..
အော်ကြီးဟစ်ကျယ်နဲ့...""အမလေးတော်...ဘာကိုစောစောစီးစီးလဲ
မျက်လုံးလေးဘာလေးဖွင့်ကြည့်ဦး..
နေကဖြင့်ဖင်ထဲဝင်တော့မယ်..""တော်ပါဗျာ...ဟုတ်တာမဟုတ်ဘူး...
စောစောစီးစီးမုသာဝါဒပြော...ငရဲဗျနော်..
ငရဲ...""အမလေး...ဖိနပ်ကြားကနတ်စကားထွက်လို့..
ထတော့...ငါရွာထဲခဏသွားမလို့..အဲ့ဒါဆိုင်ခဏ
ကြည့်ထားဦး...ယင်းမာကမြို့တက်သွားတယ်..""အမေတို့ကလုပ်ပြီဗျာ..."
မိုက်မိုက် ညည်းတွားရင်း ကုတင်ပေါ်ကဆင်းကာ
ပုဆိုးပြင်ဝတ်လိုက်သည်။
ထို့နောက် အခန်းထဲကထွက်ကာ အိမ်အောက်ထပ်
သို့ဆင်းလာခဲ့သည်။
မျက်နှာသစ် သွားတိုက်ပြီးနောက် အိမ်နှင့်တွဲဖွင့်
ထားသည့် ကုန်စုံဆိုင်မှာ ဆိုင်စောင့်တာဝန်ကျသည်။"အမေ..မြန်မြန်ပြန်လာခဲ့နော်..
အမေ့ခဏက မွန်းတည့်မှပြန်လာမှာကျုပ်သိတယ်""နင့်အမေပဲ...နင်ဒေါင်တိုက်နေရတော့ကောင်း
လား...""အဲ့ဒါအမေ့တူလို့လေ..
ကျုပ်နဲ့အမေ ဘယ်သူလူအရင်ဖြစ်လဲ...""ဟင်း...ပြောလိုက်ရင်အဲ့လိုကြီးပဲ..."
ဒေါ်စ အညာသဘက်လေးခေါင်းပေါ်တင်၍
ခြံဝိုင်းထဲကထွက်သွားသည်။
ခြံပြင်ရောက်ပြီးမှ အိမ်ဘက်သို့တကြော့ပြန်လှည့်
ကြည့်ကာ
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantastikဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။