'အောက်အီ..အီး..အွတ်..'ညကညည့်နက်တဲ့ထိအိပ်မပျော်သလို မနက်ကျ
တော့လဲ အစောကတည်းက နိုးနေခဲ့သည်။
လင်းကြက်တွန်သံကြောင့် ဆက်အိပ်မနေတော့ပဲ
စကားဖြူ အိပ်ရာထဲကထလာပြီး ခြင်ထောင်ထဲကထွက်ကာ ပြတင်းပေါက်တံခါး ဖွင့်လိုက်သည်။
နာရီကိုကြည့်လိုက်တော့ မနက် ခြောက်နာရီဆယ်မိနစ်။
အဝါကတော့ အခုထိအိပ်ပျော်နေဆဲ။
ကိုကို့ခြင်ထောင်ဘက်က အသက်ရှူသံပြင်းပြင်း
ကြားနေရဆဲ။ကုတင်ပေါ်က ဖေဖေနှင့် မေမေကတော့ ဆေးအရှိန်နှင့် အိပ်ပျော်နေကြတာဖြစ်မည်။
ခြုံစောင်ကိုခေါက်ကာ အိမ်ပေါ်ထပ်ကဆင်းလာခဲ့
သည်။
လှေကားကဆင်းလာသည့် သူမကို တန်းလျားမှာ
ရေနွေးကြမ်း ထိုင်သောက်နေသည့် သူကြီးက"ဆရာမလေး...နိုးလာပြီလား အစောကြီးရှိသေး
တာ...မနေ့ကလဲခရီးပမ်းလာတာပဲ..""ကျွန်မ ဆက်အိပ်မရလို့ပါ သူကြီး "
"ဟယ်...ဆရာမလေး နိုးလာပြီလား
ညကကော ကောင်းကောင်းအိပ်ပျော်ရဲ့လား
နေရာဒေသအရွှေ့အပြောင်းဆိုတော့ ၊ အဆင်
မပြေတာရှိ ပြောနော် ၊ ဘာမှ အားနာမနေနဲ့""ဟုတ်ကဲ့...နောက်တော့ တဖြည်းဖြည်းနေသား
ကျသွားမှာပါ.. ""မယ်ကြွယ်..ဆရာမလေးစားဖို့..ကောက်ညှင်းပေါင်း
ပူပူလေးနဲ့ အကြော်လေး ယူလာခဲ့ကွာ""ကျွန်မ မျက်နှာတောင် မသစ်ရသေးဘူး သူကြီး
မျက်နှာသွားသစ်လိုက်ဦးမယ်""ကောင်းပါပြီ ဆရာမလေး "
မျက်နှာသစ်ပြီးနောက် အဝတ်အိတ်ထဲမှာထည့်
လာသည့် ကော်ဖီထုတ်ကိုယူလိုက်ကာ မီးဖိုချောင်
ဘက်သွားလိုက်ပြီး"ညီမ...အစ်မကိုရေနွေးအဖြူလေးတစ်ခွက်
လောက်""သြော်..ဆရာမလေး ကော်ဖီသောက်မလို့လား
မိအေး ဖျော်ပေးမယ် ပေးပေး ""ရေနွေးတစ်ဝက်ပဲ ထည့်ပေးနော် "
စကားဖြူ လက်ထဲက ကော်ဖီမစ်ထုတ်နှင့်
ခွက်ကိုပေးရင်းမှ ပြောလိုက်သည်။"ဟုတ်ကဲ့"
မိအေးက ဆရာမလေးပြောသလို မက်ခွက်ထဲ
ရေနွေးတစ်ဝက်သာ ထည့်၍ ကော်ဖီဖျော်ပေး
လိုက်သည်။
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။