ပုဝါပါးလေးစွန်းမှာဆိုး(၂၂)

2.6K 200 6
                                    


မိုက်မိုက် ဆေးရုံတက်နေရတာ ငါးရက်ရှိပါပြီ။
ဒီကြားထဲ ဆေးရုံကို ယင်းမာက နှစ်ခေါက်လောက်
ရောက်လာခဲ့ပြီး မိုက်မိုက်က ပြန်နှင်လွတ်လို့ နောက်
ရက်တွေ မလာတော့ပါဘူး။
ကိုယ်လက်သန့်စင်ဖို့ မိုက်မိုက် ဆေးရုံအနောက်ဘက်
ကိုထွက်လာခဲ့သည်။
ဝတုတ်က ကန်ထဲကရေကိုပုံးနဲ့ခပ်ပေးပြီး မိုက်မိုက်
နားမှာ ချပေးတယ်။
ရေပတ်တိုက်ဖို့ ရေဇလုံထဲကို စွပ်ကျယ်တစ်ထည်
နှစ်ထည့်လိုက်ပြီး ရေညှစ်ပြီးနောက် မိုက်မိုက်ကို
ပေးလိုက်တယ်။

"ကိုမိုက်....ဟယ်...ကြည့်ပါဦး..."

အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့
မွှေးမွှေးနဲ့ငွေမှုံ ဖြစ်နေတယ်။
မိုက်မိုက် သက်ပြင်းချပြီး လုပ်စရာရှိတာဆက်လုပ်
တယ်။
မိန်းကလေးနှစ်ယောက် သူ့နားကိုရောက်လာပြီး
စာကလေးသိုက်နားနား ကပ်ဆောက်ထားသလို
ဆူညံနေတော့တယ်။
မိုက်မိုက်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ နေရာယူရင်း
ရေပတ်လဲတိုက်ပေး၊ စကားတွေလဲများသေး။
မိုက်မိုက် ကုလားထိုင်ပေါ်ထိုင်ရင်း သူတို့ပြုသမျှ
ငြိမ်ခံနေလိုက်တော့တယ်။

"ဟေ့ကောင်လေး...သူတို့ကဘယ်သူတွေလဲကွ"

ဝတုတ် ဆေးရုံထဲပြန်ဝင်လာတော့ လူနာစောင့်
အမျိုးသားတစ်ဦးက မိုက်မိုက်ဘေးက မိန်းကလေး
တွေကို သိလိုစိတ်နဲ့ စပ်စုတယ်။
ဝတုတ် ပုဆိုးကိုမကာ

"ကျုပ်အစ်ကိုလေးရဲ့ မိန်းမဖြစ်လာမယ့်သူတွေ
ပေါ့..."

"ဟာ...နှစ်ယောက်လုံးလား..."

"မကဘူး...ဒါတောင် ရွာမှာကျန်ခဲ့သေး..."

"ဟေ.."

ဝတုတ် အငေါ့တူး၍ ထိုနေရာကထွက်သွားသည်။
စကားဖြူ ရုံးခန်းထဲကထွက်အလာ သူတို့ပြောနေတဲ့
စကားကြားပြီး ပြတင်းပေါက်ကနေ ဆေးရုံအနောက်
ဖက်က အုတ်ကန်ဆိသို့အကြည့်ရောက်သွားသည်။
မိန်းကလေးနှစ်ယောက်နှင့် သူတို့ကြားမှာကျောက်
ရုပ်တစ်ရုပ်နှယ်ထိုင်နေတဲ့ မိုက်မိုက်ကို တွေ့လိုက်ရ
သည်။

........

"လူလေး....ငါ့သား...."

ဆေးရုံထဲ စိုးရိမ်တကြီးနှင့်ဝင်လာသည့် အသက်
ခြောက်ဆယ်ဝန်းကျင်ရှိ အမျိုးသားကြီးတစ်ဦး
ခေါင်းမှာ ပုဆိုးလေးကို ပေါင်းထားပြီး လူနာကုတင်
တွေကို ကြည့်နေသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now