ပုဝါပါးလေးစွန်းမှာဆိုး(၂၄)

1.4K 139 5
                                    


ဒီနှစ်နွေ ညောင်ပင်တန်းရွာဘုန်းကြီးကျောင်း၌
ရွာပုံစု ရှင်ပြုပွဲရှိလေသည်။
အနီးနားကျေးရွာတွေမှ ရှင်ပြုမည့်မောင်ရင်လောင်း
များ စာရင်းကြိုတင်ကောက်ယူနေပြီဖြစ်သည်။

"ရှင်အပါး ကိုးဆယ်ကျော် စာရင်းကောက်ယူထား
ပြီးပြီ ဖိုးသူတော်က ဆယ့်ငါးပါးပါမယ်"

"ရှင်လောင်းလှည့်သုံးဖို့ မြင်းအကောင်ရေ ကိုးဆယ်
ကျော် ရှာလို့ရပါ့မလား"

"ဒါကတော့ မြင်းသမားတွေကိုအကူအညီတောင်း
ကြည့်လို့ရပါတယ်"

"ဟုတ်ပါပြီ "

ဦးဘချစ်နှင့်တခြားရွာမှ ကျေးရွာလူကြီးတချို့
ညောင်ပင်တန်းရွာ ဘုန်း​ကြီးကျောင်းဝန်းရှိ ဓမ္မာရုံအတွင်း ရှင်ပြုပွဲအတွက် အစည်းဝေးလုပ်နေကြ
သည်။

"အလှူခံဘယ်နေ့လောက်ထွက်ကြမလဲ"

"ဒီတစ်ပတ်ထဲထွက်ကြတာပေါ့"

.......

ရွာခုနှစ်ရွာ စုပေါင်းပြီး ရှင်ပြုပွဲလုပ်သည်မှာ
ယခုမှပထမအကြိမ်ဖြစ်တာကြောင့် အားလုံးက
စိတ်လှုပ်ရှားနေကြသည်။
တန်ခူးလမှာ ပြုလုပ်မည့် ထိုရှင်ပြုပွဲအတွက်
တစ်လအလိုလောက်ကတည်းက သက်ဆိုင်ရာ
ရွာသူရွာသားတွေအားလုံး အချင်းချင်းတွေ့လျှင်
ထိုကိစ္စကိုသာ ပြောနေကြသည်။

"သူကြီးက အငြိမ့်နဲ့ဆိုင်း ငှားပေးမယ်တဲ့တော်"

"အတော်ပဲ..ပွဲငတ်နေတာ အတော်ကြာပေါ့"

"မင်းသား မောင်မောင်ချစ်ကိုငှားပေးရင်သိပ်
ကောင်းမယ်"

"ငါတို့ကတော့ မင်းသမီး ဝါဝါလွင်ပဲဟေ့"

"တို့ကတော့ဆိုင်းဆို ကိုကိုမြိုင်ပဲ"

"အမလေးတော်တို့ရေ...
ဆိုင်းကောင်းကောင်းနားထောင်ချင်ရင်
အငြိမ့်ကောင်းကောင်းကြည့်ချင်ရင်
အလှူငွေ များများထည့်ကြ"

"အိုအေ...ဆိုင်းကောင်း၊အငြိမ့်ကောင်းလို့ကတော့
လှောင်ထားတဲ့စပါးတွေ ရောင်းပြီးကို အလှူငွေ
ထည့်ပြီး ကြည့်လိုက်ဦးမှာ"

"ဟုတ်ပဟုတ်ပ..
ကျုပ်လဲ ပဲတွေရောင်းထုတ်ပြီး ကြည့်လိုက်ဦးမှာ"

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now