"အဖျားတော့ကျသွားပါပြီ...ဆေးတစ်လုံးလောက်
ထပ်ထိုးပေးခဲ့မယ်...ဆန်ပြုတ်လေးသောက်ပြီးရင်
ဆေးတစ်ခွက်သောက်လိုက်နော်..."စကားဖြူက ဆေးထိုးမည်ဆို၍ ငယ်ထွေးမျက်နှာ
ငိုမဲ့မဲ့ဖြစ်သွားသည်။"မထိုးလို့မရဘူးလား အစ်မ.."
မျက်နှာငယ်လေးနှင့်မေးသော ငယ်ထွေးကိုကြည့်ကာ စကားဖြူ ခပ်ရဲ့ရဲ့ပြုံးလိုက်ပြီး
"မရဘူး...ဟိုဘက်လှည့်..."
"ဟင်း..."
ငယ်ထွေး သက်ပြင်းခပ်သဲ့သဲ့ချကာ ကိုယ်ကို
တစ်ဖက်သို့ စောင်းပေးလိုက်သည်။
စကားဖြူက စလင်းကိုကိုင်၍ ငယ်ထွေး
တင်ပါးပေါ်က ဆေးထိုးရမည့်နေရာသို့ အရက်ပျံ
တစ်ချက်တို့လိုက်ရင်းက"ဆေးမထိုးချင်ရင် မဖျားအောင်ဂရုစိုက်မှပေါ့
ရေကိုဘာလို့အကြာကြီး စိမ်ချိုးသလဲ..."စကားပြောရင်းနှင့် အသားထဲအပ်ကိုညင်သာ
စွာထိုးစိုက်လိုက်တော့ ငယ်ထွေးကိုယ်တစ်ချက်
မသိမသာ တွန့်သွားကာ"အ..."
"ချေပေးလို့ရပြီ မိအေး..."
စကားဖြူ ငယ်ထွေးရဲ့ ဘောင်းဘီကိုအထက်သို့ပြန်ဆွဲတင်ပေးလိုက်ရင်းက မိအေးကို ပြောလိုက်သည်။
ဆေးပစ္စည်းတွေကို သေချာပြန်သိမ်ူကာ အိတ်ထဲ
ပြန်ထည့်လိုက်ပြီးနောက် ငယ်ထွေးအတွက် သောက်
ဆေးတွေ သေချာခွဲပေးသည်။"ဒါက ဒီညတိုက်ရမှာ...ဒါကမနက်မှ..."
"ဟုတ်ကဲ့..."
"ရေမချိုးနဲ့ဦး ရေနွေးနွေးနဲ့ ရေပတ်လေးပဲတိုက်"
"ဟုတ်ကဲ့..."
"ဆရာမလေး...ဆေးရုံမှာ အရေးပေါ်မီးဖွားမယ့်
လူနာရောက်လာလို့တဲ့..."ငခွေးက အခန်းရှေ့မှလာပြောတာကြောင့် စကားဖြူ
ဆေးအိတ်ကိုဆွဲကာ ပြာပြာလေး ထလိုက်သည်။"တစ်ခုခုဆို အစ်မကိုလာခေါ်နော်.."
"ဟုတ်..."
မီးဖွားလူနာဆို၍ စကားဖြူ မြန်မြန်ပြန်လာခဲ့ရသည်။
တခြားဆရာဝန်က မြို့မှာ ဆေးရုံအတွက် လိုအပ်
သည့် ဆေးတွေသွားထုတ်နေရ၍ မရှိချေ။
စကားဖြူပြန်သွားပြီးနောက် မြလေးငုံ ဥတစ်လုံး
ချိုင့်လေးနှင့် ရောက်လာသည်။
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။